Ch-17

7.4K 740 89
                                    

Zawgyi

ရိ​ပေါ် ဝန်​ထမ်း​တွေအတွက်​ ​နေရာစီစဉ်​​ပေးပြီးတာနဲ့ အိမ်​​ရှေ့မှာရှိတဲ့ ခုံတန်း​လေးမှာ ထွက်​ထိုင်​​နေလိုက်​သည်​။ ​တောင်​​ပေါ်​ဒေသမို့ ည​နေ​စောင်းလာတာနဲ့အမျှ အချမ်းဓာတ်​ပိုလာတာမို့ အချမ်း​ပြေလို​ပြေငြား ဝတ်​ထားတဲ့hoodieအိတ်​ကပ်​ထဲ လက်​ထည့်​ထားလိုက်​သည်​။ အ​အေးဒဏ်​မခံနိုင်​တဲ့ ရိ​ပေါ်အတွက်​ အဝတ်ထူထူေ​တွအများကြီးထည့်​သွားဖို့ ကျင်းဟိုင်​​ကော သတိ​ပေးလို့သာ ​တော်​​တော့သည်​။

"​အေး​နေတာကို ဘာလို့အပြင်​မှာ ထွက်​ထိုင်​​နေတာလဲ"

"​ဟင်​..."

"အချမ်း​ပြေ လမ်း​လျှောက်​ရင်း စကား​ပြောကြမလား"

ရှောင်းကျန့်​အ​မေးကို ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​ပြတဲ့ ​ကောင်​​လေး​ကြောင့်​ အ​ရှေ့က​နေ ဦး​ဆောင်​ပြီး ထွက်​လာလိုက်​သည်​။

"မင်းငါ့ကို စိတ်​ဆိုး​နေ​သေးတာလား"

လမ်း​လျှောက်​​နေရင်း အဆက်​အစပ်​မရှိ ထ​မေးလာတဲ့ ​ရှောင်းကျန့်​​ကြောင့်​ ရိ​ပေါ်ပင်​ ​ကြောင်​သွားရသည်​။ ​နောက်​မှ ဟိုတစ်​​ပတ်​က အဖြစ်​ကို ပြန်​​တွေးမိကာ

"ဘာကို...အာ....အဲ့ကိစ္စက ခင်​ဗျားမမှားပါဘူး။ ခင်​ဗျား​နေရာမှာ ကျွန်​​တော်​ဆိုလည်း တစ်​ဖက်​က မိန်းက​လေးကို အရမ်းစိတ်​ပူမိမှာပဲ"

ရှောင်းကျန့်​ မဟုတ်​​ကြောင်း ရှင်းပြဖို့ ပြင်​လိုက်​​ပေမယ့်​ ​ဟောက်​ရွှမ်းက ခပ်​လှမ်းလှမ်းမှာရှိတဲ့ သစ်​ပင်​​နောက်​က ထွက်​လာကာ ​ရှောင်းကျန့်​တို့ဆီ ​လျှောက်​လာ​နေတာမို့ ​ရှောင်းကျန့်​ဆက်​မ​ပြောဖြစ်​​တော့။

"ကိုယ်​က ရိ​ပေါ် လာမှလာပါ့မလားလို့"

ဟောက်​ရွှမ်းစကားကြား​တော့ ရိ​ပေါ်က ​ကြောင်​သွားပြီး ခဏကြာ​မှ အ​ခြေအ​နေကို သ​ဘော​ပေါက်​သွားပုံရကာ ​ရှောင်းကျန့်​ကို မယုံနိုင်​တဲ့မျက်​လုံး​တွေနဲ့ ကြည့်​​နေတာမို့ ​ရှောင်းကျန့်​ ​ဟောက်​ရွှမ်းပခုံးကို ပုတ်​ပြီးသာ ထွက်​လာခဲ့လိုက်​သည်​။

Dear My Ex-crush[Completed]Where stories live. Discover now