Ch-8

7.2K 714 27
                                    

Zawgyi

ဒီ​နေ့ ရုံးဆင်းရင်​ကျင်းဟိုင်​ကောက ဝင်​ခေါ်မယ်​ပြောထားတာ​ကြောင့်​ကုမ္ပဏီ​ရှေ့မှာ ရိ​ပေါ်ရပ်​စောင့်​နေရသည်​။ ကားလမ်းပိတ်​နေလို့ နည်းနည်း​နောက်​ကျမယ်​ဆိုတဲ့ ကျင်းဟိုင်​ကောက နာရီဝက်​လောက်​ကြာမှ​ရောက်​လာတာ​ကြောင့်​စောင့်​ရတာကို မုန်းတဲ့ ရိ​ပေါ်က ဆူပုတ်​လို့​နေသည်​။

"ဝမ်​လေးက​ကောကို စိတ်​ကောက်​နေတာလား"

ရိ​ပေါ်က ဘာမှမ​ပြောပဲ တစ်​ဖက်​ကို လှည့်​နေတာ​ကြောင့်

"ဒီ​နေ့​ကောက ဝမ်​လေးကြိုက်​တဲ့ ပီဇာဝယ်​ကျွေးမလို့ကို ဝမ်​လေးက စိတ်​ကောက်​နေ​တော့လည်း..."

"​ကော တကယ်​ပြောတာလား"

ပီဇာဆိုတဲ့ အသံကြားမှ မျက်​နှာ​လေးက ပြုံးရွှင်​ကာ လှည့်​ကြည့်​လာတာမို့ အသဲယားစွာဖြင့်​ခေါင်း​လုံး​လေးကို ဖွလိုက်​တော့ "မလုပ်​နဲ့.." ဆိုတဲ့ တားမြစ်​သံစူးစူး​လေးကထွက်​လာသည်​။

တီးးးးးးးးးးး

ရိ​ပေါ် ကျင်းဟိုင်​ကောနဲ့ စကား​ပြော​နေတုန်း ကားဟွန်းသံကြားလိုက်​ရတာ​ကြောင့်​လှည့်​ကြည့်​လိုက်​တော့ မျက်​မှောင်​တွေကို စုကျုံ့ထားပြီး ကားထဲက​နေ ရိ​ပေါ်တို့ကို လှမ်းကြည့်​နေတဲ့​ရှောင်းကျန့်​က သူ့ကား​ရှေ့မှာ ကျင်းဟိုင်​ကောရဲ့ကားက ပိတ်​နေတာ​ကြောင့်​စိတ်​တို​နေသည့်​ပုံပင်​။

အမြင်​ကပ်​ကပ်​နဲ့ အကျင့်​ယုတ်​ပြီး သူ့ကားထွက်​လို့မရ​အောင်​ဆက်​ပိတ်​ထားချင်​ပေမယ့်​လည်း​ ​နေ့လည်​စာစားပြီးထဲက ဘာမှမစားရ​သေးတဲ့ ဗိုက်​က အချက်​ပြ​နေပြီမို့ ကား​ပေါ်မြန်​မြန်​တက်​ပြီးသာ ထွက်​လာလိုက်​သည်​။

အ​နောက်​က​ကားထဲက​ရှောင်းကျန့်​က​တော့ သူ့ကို မျက်​စောင်းထိုးပြီး wang groupက ဒါရိုက်​တာချုပ်​ရဲ့ ကား​ပေါ်ကို တက်​သွားတဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​စိတ်​အလိုမကျစွာ ကားကို တရကြမ်း​မောင်းလာမိသည်​။

သာမန်​မန်​နေဂျာတစ်​ယောက်​က အကြီးတန်း ဒါရိုက်​တာချုပ်​တစ်​ယောက်​ရဲ့ ကား​ပေါ်ကို ပါသွားစရာလိုလို့လား။ လမ်းကြုံတာပါလို့​ပြောရ​အောင်​ကလည်း ဒီမှာ လုပ်​နေတဲ့ wang groupက ဝန်​ထမ်းက ဝမ်​ရိ​ပေါ် တစ်​ယောက်​ထဲမှ မဟုတ်​ပဲ။

Dear My Ex-crush[Completed]Where stories live. Discover now