Ch-28

8.3K 703 57
                                    

Zawgyi

"အိ​ပေါ်​လေး ​ရောက်​လာပြီလား အန်​တီရင်းကမနက်​ထဲက​မျှော်​​နေတာ"

ရိ​ပေါ်ကား​ပေါ်ကဆင်းတာနဲ့ အန်​တီရင်းကအိမ်​ထဲကအ​ပြေးထွက်​လာကာ ရိ​ပေါ်လက်​ကိုဆွဲလို့ အလွမ်းသယ်​သည်​။ အန်​တီရင်းရဲ့အသံ​ကြောင့်​ထင်​သည်​။ အိမ်​​ပေါ်က​နေ ခပ်​မြန်​မြန်​ဆင်းလာတဲ့ဒယ်​ဒီနဲ့မာမီက ရိ​ပေါ်ကိုအပြုံးကြီးကြီးချိတ်​ဆွဲလျက်​ကြည့်​​နေကြတာမို့ ရိ​ပေါ်လည်းအသာပြုံးပြရင်း အန်​တီရင်းနဲ့အတူအ​ပေါ်ထပ်​ကအခန်းထဲကိုသာ တက်​သွားလိုက်​​တော့သည်​။

"အထုပ်​​တွေချထား​လေ ​ရှောင်းကျန့်​..အကူမိန်းက​လေး​တွေကို​ခေါ်သယ်​ခိုင်းလိုက်​မယ်​"

"ရပါတယ်​အန်​တီ ရိ​ပေါ်ရဲ့ပစ္စည်း​တွေကိုကျွန်​​တော်​ကိုယ်​တိုင်​သယ်​​ပေးချင်​လို့ပါ"

အားဝမ်​​လေး​ဆေးရုံတက်​တုန်းက အသုံးအ​ဆောင်​ပစ္စည်း​တွေထည့်​ထားတဲ့ ခပ်​ကြီးကြီးအိတ်​ကို ကား​နောက်​ဖုံးထဲကထုတ်​ကာ မနိုင်​မနင်းသယ်​လာတဲ့​ရှောင်းကျန့်​ကို အားနာတာ​ကြောင့်​ ချထားခိုင်း​ပေမယ့်​ ကိုယ်​​တော်​​ချောက ဘာမှမဖြစ်​သည့်​အလား ခပ်​ပြုံးပြုံးပင်​ဆိုလာသည်​။

ရှောင်းကျန့်​ကအလုပ်​များမှန်းသိတာမို့ အားဝမ်​​လေး​ဆေးရုံဆင်းတဲ့ကိစ္စကိုသူမစီစဉ်​ဖို့ကြံရွယ်​ထား​ပေမယ့်​ ​ရှောင်းကျန့်​ကသူမတို့ကိုအိမ်​မှာပဲ​စောင့်​​နေ​စေကာ အားဝမ်​​လေးကိုကိုယ်​တိုင်​​ခေါ်လာ​ပေးဖို့​တောင်းဆိုလာတာမို့ လက်​ခံရပြန်​သည်​။

"ရင်း အားဝမ်​​လေးဘာဖြစ်​လို့လဲ"

"အိ​ပေါ်​လေးက ဗိုက်​ဆာတယ်​ဆိုလို့ပါ သခင်​မကြီး"

လှေကား​ပေါ်က ဆင်းလာတဲ့ရင်းကိုမြင်​​တော့ အားဝမ်​​လေးတစ်​ခုခုဖြစ်​တယ်​အထင်​နဲ့စိုးရိမ်​တကြီး​မေးလိုက်​တော့ ခပ်​ပြုံးပြုံးနဲ့​ပြောလာတဲ့ရင်းရဲ့စကားကြားမှ စိတ်​​အေးရ​တော့သည်​။

"ဒီ​နေ့ကျွန်​မလည်း အိမ်​မှာရှိတုန်း အားဝမ်​​လေးကြိုက်​တတ်​တာ​လေး​တွေ ရင်း​ဆီကသင်​ထားဦးမှပဲ.."

Dear My Ex-crush[Completed]जहाँ कहानियाँ रहती हैं। अभी खोजें