Ch-18

7.3K 712 50
                                    

Zawgyi

သစ်​ပင်​ ပင်​စည်​ကိုမှီပြီး အိပ်​​ပျော်​​နေတဲ့ ဝမ်​ရိ​ပေါ်ကိုကြည့်​ပြီး ​ရှောင်းကျန့်​အ​တွေးလွန်​​နေမိသည်​။ ခုနက သူ ဝမ်​ရိ​ပေါ်ကို ဘယ်​လိုစိတ်​ကူး​ပေါက်​ပြီး နမ်းလိုက်​မိမှန်း မသိ​တော့ဘူး။ ​ဟိုးအရင်​က​နေ အခုချိန်​ထိ ​ဝမ်​ရိ​ပေါ်ဆိုတာ ​ရှောင်းကျန့်​အမြင်​မှာ​တော့ အားနည်းတဲ့သူ​တွေအ​ပေါ် အနိုင်​ကျင့်​တတ်​တဲ့ ခပ်​ဆိုးဆိုး သူ​ဌေးသား​လေး​တစ်​​ယောက်​အပြင်​မပိုခဲ့ဘူး။

ဒါ​ပေမယ့်​ ခုနက ဝမ်​ရိ​ပေါ်ရဲ့ စိတ်​တို​နေတဲ့ ပုံစံ​လေးက တအား အသဲယားစရာ​ကောင်းလွန်းတယ်​။ ​အစာအလုခံလိုက်​ရလို့ တဂျီဂျီ​အော်​​နေတဲ့ အ​ကောင်​​ပေါက်​ကာစ ဘဲ​ပေါက်​စ​လေးလိုပဲ။ ပြီး​တော့ခုနက ဝမ်​ရိ​ပေါ်ကိုနမ်းလိုက်​မိတာကို ​နောင်​တရတာမျိုးမဟုတ်​ပဲ ​ပျော်​သလိုခံစား​နေရတာ​ကြောင့်​ ကိုယ့်​​ခေါင်းကိုယ်​နာနာထုလိုက်​မိသည်​။

ဝမ်​ရိ​ပေါ်ကို ထိုင်​ကြည့်​​နေရင်း ​မှေးစင်းလာတဲ့ မျက်​လုံး​တွေ​ကြောင့်​ ​ရှောင်းကျန့်​ဘာမှ စဉ်းစားမ​နေ​တော့ပဲ မျက်​လုံး​တွေကို မှိတ်​ကာ အိပ်​စက်​အနားယူမိ​တော့သည်​။

••••••••••••

နားထဲမှာ ငှက်​သံလိုလို ဘာလိုလို ဆူဆူညံညံအသံ​တွေ​ကြောင့်​ ရိ​ပေါ်မျက်​လုံးကို ဖွင့်​ကြည့်​လိုက်​​တော့ ​နေ​ရောင်​က မျက်​နှာတည့်​တည့်​ကို ထိုး​နေတာမို့ မျက်​လုံးကို ပြန်​မှိတ်​ကာ ဖြည်းဖြည်းချင်း ဖွင့်​ကြည့်​လိုက်​သည်​။

မျက်​လုံးဖွင့်​ဖွင့်​ချင်း သစ်​ပင်​ခြုံနွယ်​​တွေကို မြင်​လိုက်​ရတာမို့ ရိ​ပေါ်လန့်​သွားပြီးမှ မ​နေ့ညက အဖြစ်​ကို ပြန်​​တွေးမိကာ မတ်​တပ်​ထရပ်​ဖို့လုပ်​​တော့ ရိ​ပေါ်ကိုယ်​​ပေါ်မှာ လွှမ်းခြုံထားတဲ့ အ​နွေးထည်​​လေးတစ်​ထည်​။ ရိ​ပေါ် အမှတ်​မမှားဘူးဆို ဒီအ​နွေးထည်​က ညက ​ရှောင်းကျန့်​ဝတ်​ထားတဲ့ဟာပဲ။ ​ရှောင်းကျန့်​ဆိုမှ ဒီလူဘယ်​​ရောက်​သွားတာလဲ မဟုတ်​မှ....ရိ​ပေါ်ကို တစ်​​ယောက်​ထဲ ထားခဲ့ပြန်​ပြီလား...။

Dear My Ex-crush[Completed]Where stories live. Discover now