Ch-23

7.2K 673 41
                                    

Zawgyi

ရေချိုး​နေရင်းနဲ့မှ ဒီ​နေ့က ဝမ်​ရိ​ပေါ်ရဲ့အားလပ်​ရက်​ဖြစ်​​ကြောင်း သတိရတာမို့ ​ရေကိုအမြန်​ချိုးလိုက်​ရင်း အဝတ်​ဗီရို​ရှေ့မှာအတန်​ကြာ​အောင်​ ရပ်​​နေမိသည်​။ အတွင်း​ရေးမှူးချန်​ပို့လိုက်​တဲ့schedule အရဆို မဖြစ်​မ​နေ​ရှောင်းကျန့်​သွားရမှာက မနက်​၁၀နာရီမှာ Daytoyလက်​​အောက်​က mallတစ်​ခုကိုစစ်​​ဆေးရန်​သာရှိပြီး ကျန်​တာ​တွေက​တော့ အတွင်း​ရေးမှူးချန်​နဲ့လွှဲထားခဲ့လည်း အဆင်​​ပြေနိုင်​တာမို့ suitအပြည့်​အစုံဝတ်​မ​နေ​တော့ပဲ ခဲ​ရောင်​ရှပ်​အင်္ကျီကိုသာထုတ်​ဝတ်​လိုက်​သည်​။

"ခဲ​ရောင်​ဆို​တော့ နည်းနည်းမှိုင်း​နေသလိုပဲ မဖြစ်​​သေးပါဘူး.."

ကြယ်​သီးအပြည့်​အစုံတပ်​ပြီးကာမှ မှန်​ထဲကြည့်​ပြီး စိတ်​တိုင်းမကျတာမို့ ပါးစပ်​ကလည်း ​ရေရွတ်​ရင်း အဝတ်​ဗီရိုထဲ လှန်​​လှောကြည့်​​တော့ အများစုကအနက်​​တွေသာ ဖြစ်​​နေတာမို့ အချိန်​အ​တော်​ကြာ​မွှေ​နှောက်​ပြီး​တော့မှ ရှားရှားပါးပါးnavyပြာ​ရောင်​ရှပ်​အင်္ကျီကို​တွေ့တာမို့ ​style pantအဖြူ​ရောင်​ဖြင့်​ တွဲဝတ်​လိုက်​သည်​။ ​အခန်းထဲကထွက်​ခါနီး မှန်​ကိုတစ်​ချက်​ကြည့်​ကာ အဆင်​​ပြေတာ​သေချာမှ ​အောက်​ထပ်​ကိုဆင်းခဲ့လိုက်​သည်​။

"သားငယ်​​လေးနဲ့ ချိန်းထားလို့လား"

ထမင်းစားခန်းထဲ​ရောက်​​ရောက်​ချင်း လှမ်း​မေးလိုက်​တဲ့မားရဲ့စကား​ကြောင့်​ ​ရှောင်းကျန့်​မလုံမလဲဖြင့်

"မဟုတ်​ ပါ ဘူး မားကလည်း..."

"မဟုတ်​ဘူးဆို​တော့လည်း မဟုတ်​ဘူး​ပေါ့။ မနက်​စာစားသွားမှာလား ဒါမှမဟုတ်​ သားငယ်​​လေးနဲ့​တွေ့မှ..."

"မား.."

"​​ဆောရီးပါသားရယ်​ မားက သားငယ်​​လေးရဲ့နာမည်​ကို ပါးစပ်​ထဲစွဲ​နေလို့"

"အဲ့ဒါဆိုသားသွား​တော့မယ်​​နော်​ မား"

"​ပိတ်​ရက်​ကျရင်​ သားငယ်​​လေးကိုအိမ်​လာလည်​ဖို့ ​ပြောလိုက်​ဦး​နော်​"

Dear My Ex-crush[Completed]Tahanan ng mga kuwento. Tumuklas ngayon