Ch-15

7.4K 699 28
                                    

Zawgyi

"ဥက္ကဌက အစည်းအ​ဝေးလုပ်​နေတာမို့ ဒီမှာ ခဏ​လောက်​ထိုင်​စောင့်​ပေး​ပါရှင်​"

ရှောင်းကျန့်​နဲ့ အ​ရေးတကြီး​ပြောစရာရှိလို့ ကုမ္ပဏီအထိ​တောင်​လာပါတယ်​ဆိုမှ ထိုင်​စောင့်​ခိုင်း​နေပြန်​တာ​ကြောင့်​ဟောက်​ရွှမ်းစိတ်​မရှည်​ချင်​တော့။ နာရီဝက်​လောက်​ကြာ​တော့မှ ခုနက ထွက်​သွားတဲ့​ကောင်​မ​လေးက ပြန်​ဝင်​လာကာ သူ့​နောက်​လိုက်​ခဲ့ဖို့​ပြောတာ​ကြောင့်​အိပ်​ချင်​နေတဲ့ မျက်​လုံး​တွေကို အသာပွတ်​ကာ လိုက်​လာလိုက်​သည်​။

"ငါ့ကုမ္ပဏီအထိ လိုက်​လာပုံ​ထောက်​ရင်​တော်​တော်​အ​ရေးကြီး​နေပုံပဲ"

ဆုံလည်​ထိုင်​ခုံက​နေ​ ​ခြေ​ချိတ်​ထိုင်​ရင်း​မေးလာတဲ့​ရှောင်းကျန့်​ကြောင့်​ ဆိုဖာမှာ ဝင်​ထိုင်​ကာ

"ငါမင်းကို အကူအညီ​တောင်းစရာရှိလို့"

ဝမ်​ဟောက်​ရွှမ်းဆီက အကူအညီဆိုတဲ့စကားကို ကြားလိုက်​ရတာမို့​ရှောင်းကျန့်​မျက်​ခုံးပင့်​မိသွားသည်​။ ​ကျောင်းသားဘဝထဲက ဂျစ်​ကန်​ကန်​နေတတ်​တဲ့​ဟောက်​ရွှမ်းက အခု​ရှောင်းကျန့်​ဆီက အကူအညီလာ​တောင်းတယ်​ဆိုတာ အရမ်းအံ့သြစရာ​ကောင်းတဲ့ ကိစ္စတစ်​ခုပဲ။

ရှောင်းကျန့်​က ဘာလဲ ဆိုတဲ့သ​ဘောဖြင့်​မေးတစ်​ချက်​ဆတ်​ပြတာမို့ လည်​ချောင်းရှင်းကာ

"ငါ ရိ​ပေါ်နဲ့ ဒီ့ထက်​ပိုပြီး နီးစပ်​ချင်​လို့...အဲ့ဒါ မင်းငါ့ကို ကူညီရမယ်​"

"ဘာ......"

ရှောင်းကျန့်​ရဲ့ ဘာဆိုတဲ့ အသံ​ကြောင့်​မလန့်​တတ်​တဲ့​ဟောက်​ရွှမ်း​တောင်​ အနည်းငယ်​တုန်​တက်​သွားရသည်​။

"ငါမကူညီနိုင်​ဘူး​ဟောက်​ရွှမ်း"

"ဘာလို့လဲ အရင်​က မင်း​ပြော​တော့ ရိ​ပေါ်က မင်းအကြိုက်​မဟုတ်​ဘူးဆို.."

"အခုထိလည်း ဝမ်​ရိ​ပေါ်က ငါ့အကြိုက်​မဟုတ်​ဘူး ဒါ​ပေမယ့်​..."

"ဒါ​ပေမယ့်​ဘာဖြစ်​လဲ...."

"ငါ...မင်းတို့ရဲ့ အရှုပ်​တွေထဲ ဝင်​မပါချင်​ဘူး"

Dear My Ex-crush[Completed]Where stories live. Discover now