Ch-24

7.3K 650 85
                                    

Zawgyi

"လုပ်​ပါကွာရိ​ပေါ်ရာ..​နော်​"

"မရဘူးဆို မရဘူးပဲ"

ည​နေရုံးစဆင်းတဲ့အချိန်​ထဲက ရိ​ပေါ်​နောက်​ကိုတ​ကောက်​​ကောက်​လိုက်​ပြီး လမ်း​လျှောက်​​နေတဲ့ရိ​ပေါ်ရဲ့ လက်​တစ်​ဖက်​ကိုဆွဲကာ က​လေးမုန့်​ပူဆာသလို အပူကပ်​​နေတဲ့​ကောချန်​​ကြောင့်​ ရိ​ပေါ်​လေသံမာမာဖြင့်​သာ ပြန်​​ပြောလိုက်​သည်​။ ​ကောချန်​ကိုကုမ္ပဏီ​ရှေ့မှာ​တွေ့လိုက်​​တော့ clubမှာတုန်းကကိစ္စကို လာ​မေးတယ်​ထင်​ပြီးရိ​ပေါ်လန့်​သွား​ရ​သေးသည်​။ အဲ့ဒီ​နေ့တုန်းက ​ကောချန်​အ​ရှေ့မှာပဲ ​​ရှောင်းကျန့်​ဆီကအနမ်းခံလိုက်​ရတာမို့ ​ကောချန်​ကိုမျက်​နှာပူ​နေ​ပေမယ့်​ ထို​နေ့ကကိစ္စနဲ့ပတ်​သတ်​ပြီးတစ်​ခွန်းမှမ​မေးလာတာမို့ ​တော်​​သေးသည်​။

"​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲသွားမှာကို ဘာလို့အဲ့​လောက်​​တောင်​ ခါးခါးသီးသီးဖြစ်​​နေရတာလဲရိ​ပေါ် "

ကောချန်​ရဲ့ဆူ​​အောင့်​​အောင့်​​မေးလာသံ​ကြောင့်​ ရိ​ပေါ်မျက်​နှာကပုံမှန်​ထက်​ပိုတည်​တင်းသွားကာ

"မင်းတကယ်​မသိလို့​မေး​နေတာလား ​ကောချန်​"

"မင်းဘာ​တွေ​တွေး​နေလဲဆိုတာ ငါသိပါတယ်​။ ဒါ​ပေမယ့်​ ​ကျောင်းကတူမှမတူပဲ​လေကွာ..."

"ဘယ်​လိုပဲဖြစ်​ဖြစ်​ အတိတ်​ကလူ​တွေနဲ့ငါမ​တွေ့ချင်​ဘူး"

ရိ​ပေါ်စကားကိုကြား​တော့ ​ကောချန်​က မျက်​နှာမ​ကောင်းစွာဖြင့်​ ရိ​ပေါ်လက်​ကိုကိုင်​ထားတဲ့လက်​ကိုပြုတ်​ရုတ်​သွားကာ ​တောင်းပန်​စကားဆိုလာတာမို့ ရိ​ပေါ်နည်းနည်း​တော့အားနာမိသွားသည်​။ ဒါ​ပေမယ့်​လည်း ​ကောချန်​​တောင်း​ဆိုတာကို ရိ​ပေါ်မှမလိုက်​​လျော​ပေးနိုင်​တာ။

ရိ​ပေါ် ​ရှောင်းကျန့်​ဆီကအငြင်းခံရတာက ​ရှောင်းကျန့်​တို့ရဲ့တက္ကသိုလ်​​ကျောင်းမှာဆို​ပေမယ့်​ ​ကျောင်းချင်းနီးတဲ့အပြင်​ ရိ​ပေါ်ကပါ ရုတ်​တရက်​ကြီး​ကျောင်းထွက်​သွားတာမို့ ရိ​ပေါ်တို့အထက်​တန်း​ကျောင်းက ​ကျောင်းသား​တော်​​တော်​များများက ရိ​ပေါ်တို့အ​ကြောင်းကိုသိ​နေသည်​။ ဒါ​ကြောင့်​ အခု​ကောချန်​​ခေါ်တဲ့အတိုင်း ​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲကို​ရောက်​သွားကာမှ အတန်း​ဖော်​​တွေက ရိ​ပေါ်အ​ကြောင်းကိုထုတ်​​မေးလာခဲ့ရင်​ ရိ​ပေါ်ဘယ်​လိုပြန်​​ဖြေရမည်​ကိုမသိ​ပေ။

Dear My Ex-crush[Completed]Where stories live. Discover now