Ch-21

7.6K 710 71
                                    

Zawgyi

ရှောင်းကျန့်​ကုမ္ပဏီထဲ စဝင်​လိုက်​တာနဲ့ အ​နောက်​က​နေ ကပ်​ပြီးလိုက်​လာတဲ့ အတွင်း​ရေးမှူးချန်​​ဆီက ဒီ​နေ့တစ်​​နေ့တာအတွက်​schedule​​တွေကိုနား​ထောင်​ရင်း လမ်းတစ်​​လျှောက်​နှုတ်​ဆက်​လာတဲ့ဝန်​ထမ်း​တွေကို အသိအမှတ်​ပြုဟန်​ ​ခေါင်းတစ်​ချက်​ညိတ်​ပြကာ ရုံးခန်းထဲဝင်​လာလိုက်​သည်​။

ရှောင်းကျန့်​စိတ်​ကပဲထင်​​နေလို့လားမသိ။ ဒီ​နေ့မှ တစ်​ခုခုလို​နေသလိုလို။ မနက်​က အိပ်​​ရေးမဝလို့လား ဒါမှမဟုတ်​ မနက်​စာမစားခဲ့ရလို့များလား။ ရုံးခန်းအပြင်​ဘက်​ကို လှမ်းကြည့်​လိုက်​​တော့လည်း ဝန်​ထမ်း​တွေက သူ့​နေရာနှင့်​သူ အလုပ်​ကိုယ်​စီဖြင့်​ အရာအားလုံးက ​နေသားတကျ။ အဲ့ဒါဆို လို​နေတာဘာလဲ။ ​ရှောင်းကျန့်​စဉ်းစား​နေရင်း မကြာ​သေးခင်​ကမှ အတွင်း​ရေးမှူးမ​လေး စားပွဲ​ပေါ်လာတင်​​ပေးသွားတဲ့ ​ကော်​ဖီကို​သောက်​လိုက်​ချိန်​မှာ​တော့ ​ရှောင်းကျန့်​လို​နေတဲ့အရာကို သတိရသွားသည်​။

"ဝမ်​ရိ​ပေါ်ကို​ခေါ်ခဲ့..."

"..ဗျာ.."

"ငါ​ပြော​နေတာမကြားဘူးလား ဝမ်​ရိ​ပေါ်ကို ​ခေါ်ခဲ့လို့.."

သူက​တော့ ဥက္ကဌနား​ထောင်​​နေမယ်​ထင်​ပြီး တစ်​​နေ့တာအချိန်​ဇယား​တွေ​ကို အားကြိုးမာန်​တက်​ရွတ်​ပြ​နေ​ရင်း ဥက္ကဌထ​ပြောလိုက်​တဲ့စကား​ကြောင့်​ အတွင်း​ရေးမှူးချန်​​ကြောင်​သွားရသည်​။ ​သေချာကြားလိုက်​​ပေမယ့်​ နားကြားမှားမှာစိုးတာမို့ ထပ်​​မေးမိ​တော့ ဥက္ကဌရဲ့ အကြည့်​စူးစူးနဲ့အတူ တင်းမာလာတဲ့​လေသံ​ကြောင့်​ ​ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်​သာ

"ဟို..မန်​​နေဂျာဝမ်​က wang groupကို ပြန်​သွားပြီ​လေ ဥက္ကဌ"

"ဘာ...."

မ​ဖြေ​ခင်​ကလည်း ​ကြောက်​ရ ​ဖြေပြီး​တော့လည်း အ​အော်​ခံရနဲ့မို့ အတွင်း​ရေးမှူးချန်​ခမျာ ဘာမှမ​ပြောရဲ​တော့ပဲ ဥက္ကဌ​ရှေ့မှာ ကုပ်​ကုပ်​​လေးသာရပ်​​နေလိုက်​သည်​။

"မင်းကအခုထိမသွား​သေးပဲ ဘာရပ်​လုပ်​​နေတာလဲ အချိန်​​တွေသိပ်​​ပေါ​နေလား.."

Dear My Ex-crush[Completed]Where stories live. Discover now