Ch-5

7.1K 708 28
                                    

Zawgyi
"အိ​ပေါ်​လေး...က​လေး..ငို​နေတာလား..."

အန်​တီရင်းရဲ့ စိုးရိမ်​သံစွက်​နေတဲ့ စကားသံ​ကြောင့်​ရိ​ပေါ်အ​တွေးလွန်​နေရာမှ သတိဝင်​လာ​တော့သည်​။ ပါးပြင်​ပေါ်က စိုစွတ်​စွတ်​အထိအ​တွေ့​ကြောင့်​လက်​ဖြင့်​အသာစမ်းကြည့်​တော့ မျက်​ရည်​တွေက တသွင်​သွင်​စီးကျလို့​နေသည်​။ ထိုလူနဲ့ ပတ်​သတ်​သမျှကို အချိန်​ကာလ အ​တော်​ကြာ​မေ့ထားပြီး ထိုလူ့ကို ဘယ်​လောက်​ပဲ မုန်းတယ်​လို့​ပြော​ပြော တကယ်​တမ်း ပြန်​တွေ့တဲ့ အခါတွင်​တော့ ခံစားချက်​တွေက အသစ်​တဖန်​နှယ်​ပြန်​ဖြစ်​လာသည်​။

"​ပြောစရာ ရှိလို့လား အန်​တီရင်း.."

"သခင်​ကြီးနဲ့ သခင်​မကြီးတို့က အိ​ပေါ်​လေးကို​ခေါ်ခိုင်းလိုက်​လို့"

"ခဏ​နေရင်​..သားဆင်းခဲ့မယ်​"

အန်​တီရင်း အခန်းထဲက ပြန်​ထွက်​သွား​တော့မှ ရိ​ပေါ်​ရေအမြန်​ချိုးပြီး အဝတ်​အစားလဲကာ​အောက်​ထပ်​ကို ဆင်းလာလိုက်​သည်​။ ဧည့်​ခန်းထဲမှာ ထိုင်​နေတဲ့ ဒယ်​ဒီနဲ့မာမီက ရိ​ပေါ်ကို မြင်​တော့​မေးတစ်​ချက်​ဆတ်​ပြကာ ထိုင်​ခုံမှာ ဝင်​ထိုင်​စေသည်​။

"​လေးနှစ်​ကြာမှ​တရုတ်​ပြည်​ကို​ပြန်​ရောက်​တာကို သူငယ်​ချင်း​တွေနဲ့ သွားမ​တွေ့​တော့ဘူးလား အားဝမ်​"

မာမီ့ရဲ့အ​မေးကို​ခေါင်းအသာခါပြလိုက်​သည်​။ ရိ​ပေါ်မှာ သူငယ်​ချင်းမှ မရှိပဲ။ အထက်​တန်း​နောက်​ဆုံးနှစ်​တစ်​ဝက်​တစ်​ပြတ်​မှာပဲ က​နေဒါမှာ​ကျောင်းသွားတက်​တာဆို​တော့​တစ်​ဦးတည်း​သော သူငယ်​ချင်း​ကောချန်​ကို​တောင်​မနှုတ်​ဆက်​မိခဲ့တာမို့ ဒီကြားထဲ အဆက်​အသွယ်​ပြတ်​သွားခဲ့ခြင်းဖြစ်​သည်​။

"ကျွန်​တော်​ဒယ်​ဒီ့ကုမ္ပဏီမှာ အလုပ်​ဝင်​ချင်​လို့..."

ရိ​ပေါ်ရဲ့စကား​ကြောင့်​ဒယ်​ဒီက အံ့သြသလို ဖြစ်​သွားပြီးမှ လက်​ခံတဲ့အ​နေဖြင့်​ခေါင်းငြိမ့်​ကာ

"​ကောင်းပြီ​လေ ဒယ်​ဒီ HRဌာနကို​ပြောထားလိုက်​မယ်​"

"အဲ့လို မဟုတ်​ပဲ သူများ​တွေနဲ့ တန်းတူ အလုပ်​လျှောက်​ကြည့်​ပြီးမှ..."

Dear My Ex-crush[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ