Ch-20

7.9K 697 40
                                    

Zawgyi

"အ​နှောင့်​အယှက်​ဖြစ်​သွားရင်​ ​ဆောရီး.."

ရှောင်းကျန့်​ခြံအ​နောက်​ဖက်​ကို ထွက်​သွားတာ​တွေ့လို့ အ​နွေးထည်​ပြန်​​ပေးမလို့လိုက်​လာရင်း ​တွေ့လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ ရိ​ပေါ်ကိုမ​​တွေ့ခင်​ အမြန်ပြန်​ဖို့ပြင်​လိုက်​​ပေမယ့်​ ရိ​ပေါ်ကိုမြင်​သွားပုံရတဲ့​ရှောင်းကျန့်​​ကြောင့်​ ​တောင်းပန်​စကားဆိုရင်း ထို​နေရာမှလှည့်​ထွက်​လာမိသည်​။

"ဝမ်​ရိ​ပေါ်..ဝမ်​ရိ​ပေါ်..."

ရှောင်းကျန့်​​ခေါ်တာကိုလှည့်​မကြည့်​ပဲ ​ဆက်​သွား​နေတဲ့ဝမ်​ရိ​ပေါ်​ကြောင့်​ အ​ရှေ့ကပိတ်​ရပ်​လိုက်​​တော့ အူလည်​လည်​မျက်​နှာ​ပေးနဲ့ပြန်​ကြည့်​​နေတာမို့

"ခုနက..."

"စိတ်​ချပါ ခင်​ဗျားတို့အ​ကြောင်း ကျွန်​​တော်​ဘယ်​သူ့ကိုမှ​လျှောက်​မ​ပြောဘူး"

အစက​တော့ ဝမ်​ရိ​ပေါ်အထင်​လွဲမှာစိုးလို့ ​ရှင်းပြဖို့အ​နောက်​က အမြန်​​ပြေးလိုက်​လာ​ပေမယ့်​ ဆူပုတ်​ပုတ်​မျက်​နှာ​လေးက ​ရှောင်းကျန့်​နဲ့အကြည့်​ချင်းမဆုံ​အောင်​ တမင်​​ရှောင်​ရင်း​ပြော​နေတာမို့ ပိုပြီးစချင်​စိတ်​ဖြစ်​​ပေါ်လာတာ​ကြောင့်

"မင်းကိုဘယ်​လိုယုံရမလဲ.."

အ​ရှေ့ကိုတစ်​လှမ်းတိုးရင်း​မေးလိုက်​​တော့ အလိုက်​သင့်​အ​နောက်​ကိုတစ်​လှမ်းဆုတ်​ရင်း

"သူများအ​ကြောင်းထိုင်​​ပြော​နေရ​လောက်​တဲ့အထိ ကျွန်​​တော့်​မှာအချိန်​မရှိဘူး"

လေသံ​လေးကမာသ​ယောင်​ထင်​ရ​ပေမယ့်​ မျက်​လုံးဝိုင်း​လေး​တွေထဲ မျက်​ရည်​ကြည်​​တွေ ရစ်​ဝိုင်းလာတာကို ​သေချာကြည့်​ရင်​ မြင်​နိုင်​တာမို့ အ​ရှေ့ကို​ခြေတစ်​လှမ်းထပ်​တိုးလိုက်​​တော့ အ​နောက်​မှာရှိ​နေတဲ့သစ်​ပင်​​ကြောင့်​ အ​နောက်​ကိုထပ်​ဆုပ်​လို့မရ​တော့တဲ့ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​ရဲ့ရင်​ဘတ်​ကို ခပ်​စစ​လေးတွန်းရင်း

Dear My Ex-crush[Completed]Where stories live. Discover now