Ch-14

7.2K 710 66
                                    

Zawgyi

ရှောင်းကျန့်​လေ့ကျင့်​ခန်းလုပ်​ပြီး ပြန်​လာ​တော့ ဝမ်​ရိ​ပေါ်ကို မ​တွေ့တာ​ကြောင့်​အိမ်​ထဲမှာ မ​ယောင်​မလည်​ဖြင့်​ရှာ​နေရင်း 'သားငယ်​လေးက ခြံထဲဆင်းသွားတယ်​´ဆိုပြီး ပြုံးစိစိနဲ့​ပြောလာတဲ့ မား​ကြောင့်​ရှောင်းကျန့်​ရှက်​ဝဲဝဲဖြင့်​သာ ခြံထဲထွက်​လာရင်း အိမ်​အ​နောက်​ဖက်​က စကား​ပြောသံကြားတာ​ကြောင့်​သွားကြည့်​လိုက်​တော့ လင်းယွမ်​ကို​ရေကန်​ထဲ တွန်းချလိုက်​တဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ရှောင်းကျန့်​ထို​နေရာကို အ​ပြေးသွားပြီး​ရေနစ်​နေတဲ့ လင်းယွမ်​ကို ဆင်းကယ်​ရသည်​။

ရေမွန်းပြီး သတိလစ်​နေတဲ့ လင်းယွမ်​ကို​ပွေ့ချီကာ​ဆေးရုံသွားဖို့လုပ်​တော့​ ​ရေကန်​နားမှာ ရပ်​နေတဲ့ ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​လက်​မောင်းကို လှမ်းကိုင်​ကာ

"ကျွန်​တော်​မဟုတ်​ဘူး​ရှောင်းကျန့်​...။ ကျွန်​တော်​လုပ်​တာမဟုတ်​ဘူးလို့...."

"အားနည်းတဲ့ သူ​တွေကို အနိုင်​ကျင့်​တတ်​တဲ့ မင်းရဲ့အကျင့်​က အခုထိ မ​ပြောင်း​သေးဘူးပဲ။ ငါ မင်းကို အရမ်းစိတ်​ပျက်​တယ်​...ဝမ်​ရိ​ပေါ် "

ရိ​ပေါ်ရဲ့ ပခုံးကိုတိုက်​ကာ လင်းယွမ်​ကို​ပွေ့ချီပြီး ထွက်​သွားတဲ့​ရှောင်းကျန့်​ကြောင့်​ ရိ​ပေါ်ထို​နေရာမှာပင်​အသက်​မဲ့သူတစ်​ယောက်​လိုရပ်​နေကာ အသံတိတ်​မျက်​ရည်​ကျမိသည်​။ ​ရှောင်းကျန့်​က ရိ​ပေါ်ကို အမြဲတမ်း မ​ကောင်းတဲ့လူလို့ မြင်​နေခဲ့တာ။ လွန်​ခဲ့တဲ့​လေးနှစ်​က​ရော အခု​ရော...။

•••••••••••

ရှောင်းကျန့်​ဆေးရုံကို သွားတဲ့ လမ်းတစ်​ဝက်​မှာပဲ လင်းယွမ်​က သတိပြန်​ရလာကာ အိမ်​ပြန်​ချင်​တယ်​ဆိုပြီး​ပြော​နေတာ​ကြောင့်​ ​ရှောင်းကျန့်​လည်း အိမ်​ကိုသာ ပြန်​မောင်းလာလိုက်​သည်​။ အိမ်​ရောက်​တော့  လင်းယွမ်​ကို တွဲ​ပေးကာ အခန်းထဲပို့ပြီး ပြန်​ထွက်​လာ​တော့ မားက စိုးရိမ်​တကြီးဖြင့်

"သားကျန့်​ဆေးရုံသွားတာမဟုတ်​ဘူးလား မြန်​လိုက်​တာ"

"မသွားဖြစ်​ဘူးမား လင်းယွမ်​က​ဆေးရုံမသွားချင်​ဘူးဆိုလို့ ဒါနဲ့ မား..."

Dear My Ex-crush[Completed]Where stories live. Discover now