Ch-27

8.2K 687 52
                                    

Zawgyi

"ရိ​ပေါ် အိမ်​သာသွားချင်​လို့လား ကိုယ်​လိုက်​ပို့​ပေးမယ်​​လေ"

"မလိုဘူး.."

ခြေဖဝါးကဒဏ်​ရာ​တွေ​ကြောင့်​ လမ်း​သေချာမ​လျှောက်​နိုင်​​သေးတဲ့ရိ​ပေါ်က ကုတင်​​ပေါ်ကဆင်းဖို့ပြင်​​နေတာ​ကြောင့်​ အနားသွားကာကူတွဲ​ပေးဖို့လက်​လှမ်းလိုက်​​ပေမယ့်​ ပြန်​ရလိုက်​တာကခပ်​ပြတ်​ပြတ်​စကားသံရယ်​သာ။ အခုချိန်​မှာ ရိ​ပေါ်သ​ဘောမကျမယ့်​အရာ​တွေမလုပ်​ချင်​တာမို့ ​စေ့​စေ့ပိတ်​ထားတဲ့​ရေချိုးခန်းအ​ရှေ့မှာသာ ​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​​နေမိသည်​။

ထော့နဲ့​ထော့နဲ့ဖြင့်​ ​ရေချိုးခန်းထဲကပြန်​ထွက်​လာတဲ့ရိ​ပေါ်ကမလိုဘူး​ပြော​ထား​ပေမယ့်​လည်း စိတ်​မချတာမို့ ကုတင်​​ပေါ်​ရောက်​သွားတဲ့အထိအနားမှာရစ်​သီရစ်​သီလုပ်​​နေမိသည်​။ ပြန်​လှဲအိပ်​ဖို့ပြင်​​နေတဲ့ရိ​ပေါ်​ကြောင့်​ ​ခြေရင်းက​စောင်​ကိုဆွဲခြုံ​ပေးဖို့လက်​အလှမ်းမှာ ရိ​ပေါ်​ခြေ​ထောက်​မှာစည်းထားတဲ့ပတ်​တီးက​ ​သွေး​တွေစိမ့်​ထွက်​​နေတာ​ကြောင့်​ အလန့်​တကြားဖြင့်​​ခြေ​ထောက်​​လေးကိုလှမ်းကိုင်​လိုက်​​တော့ ရိ​ပေါ်က​ခြေ​ထောက်​ကိုချက်​ချင်းပြန်​ရုတ်​သွားပြီး

"ခင်​ဗျား ဘာလုပ်​တာလဲ"

"​သွေး​တွေထွက်​​နေတယ်​ရိ​ပေါ် ခုနကဖိပြီး​လမ်း​လျှောက်​လိုက်​လို့ထင်​တယ်​။ ကိုယ်​ပတ်​တီးအသစ်​လဲ​ပေးမယ်​​လေ​နော်​"

ပြောရင်းနဲ့ ​ကွေးပြီးထိုင်​​နေတဲ့ရိ​ပေါ်ရဲ့ ​ခြေ​ထောက်​ဖြူဥဥ​လေး​တွေဆီ လက်​လှမ်းလိုက်​​တော့ ရိ​ပေါ်ကအ​နောက်​ကိုဆုတ်​သွားပြီး ​မျက်​နှာမှာလည်းအလိုမကျခြင်းများစွာဖြင့်​ မျက်​ခုံး​တွေကိုတွန့်​ချိုးထားကာ

"မလိုဘူး."

"ခဏ​လေးပါရိ​ပေါ်ရယ်​ ဒီအတိုင်းထားလိုက်​ရင်​ ဒဏ်​ရာမကျက်​ပဲ​နေ..."

"ခင်​ဗျားကို မလိုဘူးလို့​ပြော​နေ​တယ်​​လေ ဒီဒဏ်​ရာ​လောက်​နဲ့မ​သေနိုင်​ဘူး"

Dear My Ex-crush[Completed]Where stories live. Discover now