Final

14.3K 718 179
                                    

Zawgyi

"ဟင့်​အင်း လက်​မခံနိုင်​ဘူး"

ရှောင်းကျန့်​မျက်​လုံး​တွေကို တည့်​တည့်​ကြည့်​ပြီး ​ဖြေလိုက်​တဲ့ရိ​ပေါ်ရဲ့စကား​ကြောင့်​ ​​ရှောင်းကျန့်​မှာတအံတသြ။ ​အနီးအနားတစ်​ဝိုက်​ကို လှမ်းကြည့်​လိုက်​​တော့ ​ရှောင်းကျန့်​ကိုကြည့်​ပြီး အချင်းချင်းတီးတိုး​ပြော​နေကြကာ တစ်​ချို့က​တော့ ဖုန်းနဲ့ပါမှတ်​တမ်းတင်​​နေကြ​လေရဲ့။ 

အ​ရှေ့မှာရပ်​​နေတဲ့ ရိ​ပေါ်ကိုကြည့်​မိ​တော့ ​ရှောင်းကျန့်​ရဲ့ပုံစံကိုကြည့်​ကာ ခပ်​ပြုံးပြုံးဖြင့်​ ထွက်​သွားဖို့ပြင်​​နေတာမို့ လက်​တစ်​ဖက်​ကိုလှမ်း​ဆွဲကာ

"ဘာလို့လဲ ရိ​ပေါ်...ကိုယ့်​ကို ဘာလို့လက်​မခံနိုင်​တာလဲ"

မျက်​ရည်​​တွေရစ်​သိုင်းကာ မယုံကြည်​နိုင်​တဲ့မျက်​ဝန်း​တွေနဲ့ ရိ​ပေါ်ကို​မေးခွန်းထုတ်​လာတဲ့ ​ရှောင်းကျန့်​ရဲ့ပုံစံကိုကြည့်​ရတာ ​ကျေနပ်​စရာ​ကောင်းလှသည်​။ ရိ​ပေါ်လက်​ကိုကိုင်​ထားတဲ့ ​ရှောင်းကျန့်​ရဲ့လက်​ကိုခပ်​ပြင်းပြင်းခါထု​တ်​လိုက်​ကာ ​အပြုံးတစ်​ပွင့်​ဖန်​တီးလို့

"ခင်​ဗျားဖြစ်​​နေလို့ကို လက်​မခံနိုင်​တာ...။ ခင်​ဗျားက ကျွန်​​တော့်​အကြိုက်​မဟုတ်​ဘူး ​ရှောင်းကျန့်​.."

တစ်​ချိန်​က ​ရှောင်းကျန့်​​ပြောခဲ့ဖူးတဲ့စကား​တွေနဲ့ ပြန်​လည်​ထိုးနှက်​လာတဲ့​ချစ်​ရသူက ​ရှောင်းကျန့်​ကို​လှောင်​ပြုံးပြုံးပြကာ ထွက်​သွား​ချေပြီ။ လှိုက်​တက်​လာတဲ့ဝမ်းနည်းမှုနဲ့အတူ ကပ်​ပါလာတဲ့​နောင်​တ​တွေဟာ တစ်​သီတစ်​တန်း။ ဒီကိစ္စ​တွေရဲ့အရင်းအမြစ်​တရားခံဟာ ကိုယ်တိုင်​သာ​ပေမို့ အခုချိန်​မှ'လုပ်​ရက်​လိုက်​တာ ရိ​ပေါ်ရယ်​'ဆိုပြီးလည်း နစ်​နာသူကြီးလိုခံစားပြ​နေလို့မရ။

ဘေးနားကတီးတိုးကဲ့ရဲ့သံ​တွေကိုလည်း ဂရုမပြုမိ​တော့ပဲ အခုချိန်​ ​ရှောင်းကျန့်​အ​တွေးထဲမှာ'အရင်​ထဲက ရိ​ပေါ်ကို နည်းနည်း​လောက်​ပဲဖြစ်​ဖြစ်​ဂရုစိုက်​​ပေးခဲ့ရင်​'ဆိုတဲ့ မချိတင်​ကဲ​ရေရွ​တ်​သံ​တွေသာ ဝဲလည်​လို့​နေတယ်​။

Dear My Ex-crush[Completed]Where stories live. Discover now