Ch-11

7.2K 701 21
                                    

Zawgyi

"မင်း ဒီကို ဘာလာလုပ်​တာလဲ​ရှောင်းကျန့်​"

ဆေးရုံဝန်းထဲက ပန်းခြံအ​သေး​လေးထဲကို​ရောက်​ပြီး ခဏကြာမှ ထွက်​လာတဲ့​ဟောက်​ရွှမ်းရဲ့စကား​ကြောင့်​ရှောင်းကျန့်​က မဲ့ပြုံးပြုံးကာ

"ငါ့ကုမ္ပဏီက ဝန်​ထမ်းဆီလာတာ ဘာထူးဆန်းလို့လဲ။ ငါ့ကို အဲ့ဒီလို​မေးတဲ့ မင်းက​ရော ဘာကိစ္စ ဒီကို​ရောက်​နေတာလဲ"

"ကိုယ်​ချစ်​ရတဲ့​ကောင်​လေး​ ​ဆေးရုံတက်​နေရတယ်​ဆိုလို့ လာကြည့်​တာက​ရော ဘာထူးဆန်း​နေလို့လဲ"

ဟောက်​ရွှမ်း​ပြောလိုက်​တော့ ထင်​မှတ်​မထားတဲ့ စကားမျိုး ကြားလိုက်​ရတဲ့အတိုင်း​ရှောင်းကျန့်​က ခဏ​ကြောင်​သွားပြီး​နောက်​မှ တဟားဟား​အော်​ရယ်​ကာ

"ဝါး....ဝမ်​ဟောက်​ရွှမ်း...မင်းဒီ​လောက်​ထိ မျက်​နှာ​ပြောင်​လိမ့်​မယ်​လို့ ငါမထင်​ထားဘူး။ မဟုတ်​မှ...မင်းအစထဲက ဒီလိုစိတ်​မျိုး ရှိ​နေလို့ ဝမ်​ရိ​ပေါ်ကို ငါမကြိုက်​မှန်း သိရဲ့သားနဲ့ ငါတို့ကြား ပြဿနာဖြစ်​အောင်​တမင်​မြှောက်​ပေးလိုက်​တာလား။ မထင်​ရဘူး​နော်​ဝမ်​ဟောက်​ရွှမ်း..ဟား...ဟား.."

"မင်းစိတ်​နဲ့နှိုင်းပြီး မဆိုင်​တာ​တွေ​လျှောက်​ပြောမ​နေနဲ့​ရှောင်းကျန့်​။ ရိ​ပေါ်ကို ထိခိုက်​စေဖို့ ငါဘယ်​တုန်းကမှ မရည်​ရွယ်​ခဲ့ဘူး။ မင်းသာ...ရိ​ပေါ်ကို ငါ့ဆီက လုယူဖို့ မစဉ်းစားနဲ့"

"လုတယ်​ဆိုတာ ကိုယ်​ပိုင်​ပြီးသား အရာ​တွေ​ပေါ်မှာပဲ သုံးလို့ရတာကွ...မင်းငါ့ကို အချိန်​ကုန်​ခံပြီး အဲ့ဒီစကား​ပြော​နေမယ့်​အစား ဝမ်​ရိ​ပေါ်ကို အရင်​အပိုင်​ရ​အောင်​ကြိုးစားသင့်​တယ်​။ ငါ့အတွက်​တော့ စိတ်​ပူစရာမလိုပါဘူး...မင်းလည်း သိ​နေတာပဲ။ ဝမ်​ရိ​ပေါ်က ငါ့အကြိုက်​မဟုတ်​တာကို..."

"...ရိ​ပေါ်.."

ဟောက်​ရွှမ်းရဲ့ အလန့်​တကြား​ခေါ်လိုက်​တဲ့ အသံ​ကြောင့်​အ​နောက်​ကို လှည့်​ကြည့်​လိုက်​တော့​ ​ရှောင်းကျန့်​တို့နှစ်​ယောက်​ကို စူးစိုက်​ပြီး ကြည့်​နေတဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ရှောင်းကျန့်​အနည်းငယ်​တော့ ထိတ်​လန့်​သွားရသည်​။

Dear My Ex-crush[Completed]Where stories live. Discover now