Ch-7

7.2K 731 28
                                    

Zawgyi

အလုပ်​ပိတ်​ရက် ဖြစ်​သော်​လည်း ဥက္ကဌဆိုတဲ့ ဂုဏ်​ပုဒ်​နဲ့အညီ မနားရတာမို့ ပန်းပင်​လေး​တွေ ဝယ်​စိုက်​ချင်​လို့ ပူဆာ​နေတဲ့ မားကို ဝယ်​နေကြ ပန်းဆိုင်​မှာ ခဏထားခဲ့ကာ ဧည့်​သည်​နဲ့ ဝင်​တွေ့ပြီး အပြန်​မှ ဝင်​ကြိုဖို့ လုပ်​ထားတာ ဖြစ်​သည်​။ မားကိုကြိုဖို့ သွား​နေရင်း မားဆီက ဖုန်းဝင်​လာတာမို့ ကိုင်​လိုက်​တော့ အိမ်​ပြန်​လိုက်​ပို့​ပေးမယ့်​သူ ရှိတာမို့​လာကြိုစရာ မလို​တော့ပါဘူးတဲ့​လေ။

ဘယ်​သူမှန်းမသိတာမို့ နာမည်​မေး​တော့လည်း အိမ်​မှာပဲ​ပြန်​စောင့်​နေဖို့​ပြောတာ​ကြောင့်​မားကို စိတ်​မချ​ပေမယ့်​လည်း မားကလည်းအရမ်းနုံအ​နေတဲ့သူမဟုတ်​တော့ စကားနား​ထောင်​ပြီး​တော့သာ အိမ်​မှာပြန်​စောင့်​နေရသည်​။

ရှောင်းကျန့်​ရောက်​ပြီး​တော်​တော်​ကြာတဲ့အထိ​ ​ရောက်​မလာ​သေးတာမို့ ဖင်​တကြွကြွဖြစ်​ကာ အိမ်​အပြင်​ထွက်​စောင့်​နေတုန်း ခြံထဲဝင်​လာတဲ့ ကားကို မြင်​ဖူးသလို ရှိတာ​ကြောင့်​ကြည့်​နေရင်း အနား​ရောက်​တော့မှ ကား​မောင်းသူ​နေရာမှာ မြင်​လိုက်​ရတဲ့သူ​ကြောင့်​ဒေါသထွက်​ရပြန်​သည်​။ သူဒီ​လောက်​ပြောထားရဲ့သားနဲ့...

အိမ်​ဝမှာ ရပ်​နေတဲ့​ရှောင်းကျန့်​ကို မမြင်​ချင်​ယောင်​ဆောင်​ကာ ဝမ်​ရိ​ပေါ်လက်​ကိုဆွဲပြီး အိမ်​ထဲဝင်​သွားတဲ့ မား​ကြောင့်​ ​မေးဖို့ပြင်​လိုက်​ပေမယ့်​ရှောင်းကျန့်​ရှိ​နေတာ​တောင်​ရယ်​မော​နေနိုင်​တဲ့ ဝမ်​ရိ​ပေါ်ကို စိတ်​တိုလာတာမို့ လှည့်​ထွက်​ရန်​ပြင်​တော့မှ မားဆီက အသံထွက်​လာသည်​။

"​ဘယ်​သွားမလို့လဲ​ရှောင်းကျန့်​ ဒီမှာလာထိုင်​"

သူနဲ့ မျက်​နှာချင်းဆိုင်​ခုံမှာ ဝင်​ထိုင်​လိုက်​တဲ့အထိ​ရှောင်းကျန့်​ကို တစ်​ချက်​တောင်​လှမ်းမကြည့်​ပဲ မားနဲ့ပဲ စကားအ​ပြော မပြတ်​နေ​နေတဲ့ ဝမ်​ရိ​ပေါ်ဆီက ကြားလိုက်​ရတဲ့ အ​ခေါ်အ​ဝေါ်​ကြောင့်​ရှောင်းကျန့်​မျက်​ခုံးပင့်​မိသွားသည်​။ မား...မားတဲ့​ရှောင်းကျန့်​အ​ရှေ့မှာ​ရှောင်းကျန့်​ရဲ့မားကို မားလို့​ခေါ်ရဲတဲ့အထိ ဒီ​ကောင်​လေး ဘယ်​ကသတ္တိ​တွေ ရလာတာလဲ။

Dear My Ex-crush[Completed]Where stories live. Discover now