3

680 114 3
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃

စိမ်းစိုနေသော ကျွန်းလေးသည် ပြာလဲ့နေသော ပင်လယ်ပြင်တွင် အစိမ်းရောင်ကျောက်တုံးလေးတစ်ခုသဖွယ်တည်ရှိနေသေည်။ အများကခေါ်သည့် စိမ့်စမ်းကျွန်း သည် အမှန်တော့ ကျွန်းတွင်တည်ရှိနေသော အရာကို ဦးတည်ပြီး မှည့်ထားခြင်းဖြစ်သည်။

ကျွန်းလေးကသေးသော်လည်း ကျွန်းပေါ်တွင် တောင်ပို့လေးတွေရှိနေပြီး ကျောက်တုံးကြီးများက သဘာဝအတိုင်း တစ်တုံးပေါ်တစ်တုံးဆင့်ထားသည်။ ကျောက်တုံးတွေကြားထဲမှ စိမ့်ထွက်လာသော စမ်းရေသည် ချောင်းလေးတစ်ခုလိုစီးဆင်းနေပြီး ရေတံခွန်ငယ်လေးတွေလို ဖြန့်ကျန့်ထားသည်။ပင်လယ်ရေငန်တွေဝိုင်းနေသော်လည်း ရေချိုရှိသည့် ကျွန်းတစ်ခုဖြစ်သည်။

ဘတ်ဟျွန်း ကျွန်းထဲကိုလျှောက်လာပြီး စမ်းချောင်းစပ်တွင် ဒူးထောက်ကာ လက်ဖဝါးနှစ်ဖက်ဖြင့် ရေကို ခပ်သောက်လိုက်သည်။ ပြီးနောက် ရေထဲတွင်ပေါ်နေသော သူ့အရိပ်ကို ပြန်ကြည့်နေလိုက်ပြီး

'ဒီလောကမှာ စွမ်းအားက တော်တော်အရေးကြီးပုံပဲ။ အစ်ကိုတော်ငယ်နဲ့ ငါနဲ့က မျက်လုံးကလွဲပြီး ကျန်တာအတူတူပဲကို အားလုံးက သူ့ကိုပဲမြင်ပြီး ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြတယ်'

ဘတ်ဟျွန်း သက်ပြင်းလေးချလိုက်ပြီး

'တစ်နေ့ကျရင်တော့ ငါလည်း စွမ်းအားတွေရလောက်မှာပါ'

ထိုစကားတွေက မနာလို လို့မဟုတ်ဘဲ ဘတ်ဟျွန်း ဝမ်းနည်းပြီး ပြောဖြစ်လိုက်ခြင်းသာဖြစ်သည်။

ဘတ်ဟျွန်း မတ်တပ်ရပ်လိုက်ပြီး ဒီညနေဖို့အတွက် နေရာတစ်နေရာလိုက်ရှာလိုက်သည်။ စွမ်းအားမရှိသောသူ့အတွက် သာမန်လူတွေလို အိပ်စရာနေရာရှာရပြီး စားဖို့အတွက်လည်း ကိုယ်တိုင်ပဲရှာရသည်။ တော်သေးသည်က စားစရာအတွက် ဘတ်အွန်း က ပြည့်ဝခြင်းမရှိသောအိတ်ပေးထားတာကြောင့် သူကြိုက်တဲ့ သစ်သီးတွေ့ရင် ကောက်ထည့်ထားတော့ စားစရာအတွက်မပူရပေ။

ကျွန်းရဲ့အနောက်ဘက်မှာ ဂူတစ်ခုရှိပြီး အရမ်းလည်းမနက်သလို လမ်းတစ်ကွေ့သာရှိပြီး ဆက်မရှိတော့ပေ။ ထို့ကြောင့် ဒီည ဒီမှာအိပ်လိုက်ပြီး မနက် ဝမ်ယောလ် လာမှာကိုသာ စောင့်နေလိုက်တော့သည်။

ForevermoreWhere stories live. Discover now