5

593 103 18
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၅

ဘတ်ဟျွန်း နိုးလာတော့ သူ့ခန္ဓာကိုယ်က နာကျင်မှုတစ်စိုးတစ်စိကိုမှ မခံစားရတော့ဘူး။ ထူးထူးခြားခြားအနေနဲ့ သူ့ရဲ့ ဘယ်ဘက်ရင်ဘက်မှာ ဇာမဏီငှက်ပုံလေး ပေါ်နေသည်။ ဘတ်ဟျွန်း ကို ဝမ်ယောလ် ပြန်ဝတ်ပေးထားတဲ့ အဝတ်အဖြူရောင်လေးကိုပဲ ဝတ်ပြီး သူ့ရဲ့ နဂိုဝတ်စုံကိုပဲပြန်ဝတ်ဖို့ ပြည့်ဝခြင်းမရှိတဲ့အိတ်ကို လိုက်ရှာရတော့သည်။

အဝတ်အစားအားလုံးပြန်ဝတ်ပြီးသည့်တိုင် ဝမ်ယောလ် မနိုးသေးပေ။

ဘတ်ဟျွန်း ကုတင်ဘေးမှာထိုင်ပြီး ကုတင်ပေါ်မေးလေးတင်ကာ ဝမ်ယောလ် အိပ်နေတာကို ငေးကြည့်နေသည်။ ထိမိလျှင်တောင် ကြေမွသွားနိုင်မည့် ကြွေရုပ်လေးကို ကြည့်နေသလိုမျိုး ကြည့်နေသည်။ ဘတ်ဟျွန်း ဝမ်ယောလ် ကို ထိုမျှအထိ မြတ်နိုးပါသည်။

ကြည့်လို့ဝမှ ဝမ်ယောလ် အတွက် မနက်စာချက်ဖို့ သွားပြင်ဆင်လိုက်သည်။

ဝမ်ယောလ် နိုးလာတော့ ဘတ်ဟျွန်း ကိုမတွေ့ရတော့ စံအိမ်တစ်ခုလုံးကို စွမ်းအားဖြန့်ပြီး ရှာလိုက်သည်။ မီးဖိုခန်းထဲမှာ တကုတ်ကုတ်နဲ့ချက်ပြုတ်နေသော ကြင်ယာတော်လေးကိုတွေ့တော့မှ စိတ်အေးသွားပြီး ပြုံးလိုက်တော့သည်။ ညက သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းခြင်းအခြေအနေကြောင့် ဘတ်ဟျွန်း မျက်ရည်ကျခဲ့ရသည်။ နိုးလာလျှင်လည်း ထပ်ပြီး မျက်ရည်မကျစေချင်သောကြောင့် သူ့စွမ်းအားသုံးပြီး ကုပေးလိုက်ရသည်။

ဝမ်ယောလ် က ဘတ်အွန်း ကို မျက်ရည်ကျစေသည်အထိမပြောနှင့် မျက်နှာတစ်ချက်အညှိုးမခံသည်အထိ ချစ်ပါသည်။

~~~~~~~~~~~~~

နဂါးနန်းတော်

ဘတ်ဟျွန်း ပုံမှန်ဆိုလျှင် နဂါးနန်းတော်ကို လာလေ့မရှိပေမဲ့ အခုတလောတော့ ခဏခဏလာဖြစ်သည်။ ဘတ်အွန်း အလုပ်တွေကို စုံစမ်းတာကတစ်ကြောင်း၊ ဝမ်ယောလ် စွမ်းအားနဲ့တည်ဆောက်ထားတဲ့နေရာမှာ သူအမြဲနေနေရင် ကြာရင် ဝမ်ယောလ် က ဘတ်အွန်း နှစ်ယောက်ဆိုတာရိပ်မိသွားမှာစိုးလို့က တစ်ကြောင်း နှင့် ခဏခဏ ရောက်နေဖြစ်သည်။ သူရောက်နေလဲ သူသာပုန်းနေရင် ဘယ်သူမှမမြင်နိုင်ပေ။ မကောင်းတဲ့အငွေ့ခံစားရအောင်လည်း သူကနတ်ဆိုးမဟုတ်၊ နတ်အငွေ့အသက်ခံစားရအောင်လည်း သူကစွမ်းအားမရှိ။ ထို့ကြောင့် ဘယ်နေရာမဆို အေးအေးဆေးဆေးဝင်ပြီး ပုန်းနေလို့ရသည်။

ForevermoreWhere stories live. Discover now