32

482 70 15
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃၂

ဂျွန်မြောင် တံခါးကနေဝင်လာပြီးမကြာခင်မှာပဲ သူ့ရဲ့စွမ်းအားကို မိစ္ဆာတပ်သားတွေ ခံစားမိသွားတာကြောင့် တိုက်ခိုက်တာခံလိုက်ရသည်။ တကယ့်ကို ဝင်သွားတဲ့သူတိုင်းပြန်မထွက်နိုင်အောင် မိစ္ဆာတိုင်းပြည်ရဲ့ ဖွဲ့စည်းပုံကထူးဆန်းလွန်းသည်။ ဂျွန်မြောင် ဒဏ်ရာရလေ သူ့ရဲ့ သွေးနံ့ကြောင့်ပိုပြီးအမဲလိုက်ခံရသလို ခံနေရသည်။ သူကအမှန်တရားနတ်နန်းဆောင်ကနတ်မင်းဖြစ်သည့်တိုင်အောင် မိစ္ဆာတိုင်းပြည်ကစွမ်းအားကို ထောက်ပံ့ပေးထားသော တစ်စုံတစ်ခု စွမ်းအားရဲ့ဖိနှိပ်မှုကြောင့် သူ့ရဲ့စွမ်းအားတွေက လိုသလိုသုံးမရဘဲ တိုက်ခိုက်လေ ပိုပင်ပန်းလေ ပိုအားကုန်လေဖြစ်နေသည်။

ဘတ်ဟျွန်း ရဲ့ စွမ်းအားအခြေအနေက မိစ္ဆာတိုင်းပြည်ထဲကိုရောက်ကတည်းကထူးဆန်းနေတာကို သတိပြုမိသည်။ ပြီးတော့ တစ်ချို့သောမှတ်ဉာဏ်တွေကိုလည်း ပြန်မှတ်မိနေသည်။ ဂျွန်မြောင် ကိုမကယ်ခင် ဘတ်ဟျွန်း ရဲ့ ပင်ကိုအသိစိတ်ကိုထိန်းနိုင်အောင်ကြိုးစားနေရသည်။ ဒီနေရာက သူ့ရဲ့စွမ်းအားကို ထောက်ပံ့ပေးနေသလို ဖိနှိပ်နေသလိုလည်းခံစားနေရသည်။

ဘတ်ဟျွန်း မူးပြီးလဲကျသွားသည်။ နီရဲစွာတည်ရှိနေသော မီးမြေပြင်ဆီလက်ထောက်ကျသွားပြီး ဘတ်ဟျွန်း ရဲ့ လက်ဖမိုးတွင် အနီရောင်သွေကြောမျှင်တွေယှက်ပြေးနေပြီး လက်ကောက်က ကလေးငယ်တွေဆီကိုလည်း ထိုစွမ်းအားတွေက ပြေးသွားနေသည်။

ဘတ်ဟျွန်း ထိုအခြေအနေကိုတွေ့ပြီး ကျန်လက်တစ်ဖက်နဲ့ မိစ္ဆာအငွေ့အသက်တွေ ကလေးတွေဆီမရောက်အောင်တားနေရင်း မျက်လုံးက အပြာရောင်ပိုတောက်လာကာ နဖူးတွင် အနီရောင်မီလျှံအမှတ်အသားပေါ်လာခဲ့သည်။

ဆံပင်တွေကအစအရောင်ပြောင်းသွားပြီး အကြည့်တွေက စူးရှနေသည်။

'ဘတ်ဟျွန်း က ဒီနေရာကို ဘာလာလုပ်တာလဲ'

ဘတ်ဟျွန်း မကျေမချမ်းရေရွတ်လိုက်မိသည်။ သူ့ရဲ့စွမ်းအားတွေရထားသော ဘတ်ဟျွန်း က စွမ်းအားရှိပေမဲ့ ဦးနှောက်မရှိပေ။

ForevermoreWhere stories live. Discover now