29

463 74 6
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၉

ဝမ်ယောလ် ရဲ့ စွမ်းအားလေ့ကျင့်ရေးနန်းဆောင်တွင် ဘတ်ဟျွန်း ကိုခေါ်ထားပြီး သေချာထိန်းကျောင်းတက်အောင် သင်ပေးနေသည်။ လေဟာနယ်တစ်ခုဖြစ်တာကြောင့် ဘတ်ဟျွန်း က စွမ်းအားတွေကိုမထိန်းချုပ်နိုင်ခဲ့လျှင်တောင် တခြားထိခိုက်မှုမျိုး မရှိနိုင်ပေ။

'စိတ်ကိုသေချာစုစည်း ပြီးတော့မှ ကိုယ်ထိစေချင်တဲ့နေရာကို ရေခဲနှင်းစွမ်းအားကို လွှတ်လိုက်'

ဘတ်ဟျွန်း သေချာစိတ်နှစ်ပြီးလုပ်နေပေမဲ့ စွမ်းအားတွေက ပြန့်ကျဲနေတုန်းပင်။

ဝမ်ယောလ် ကပဲ စိတ်ရှည်ရှည်နဲ့ သေချာလေးထပ်ပြီး သင်ပေးသည်။ ထို့အပြင် ဘတ်ဟျွန်း ၏ နတ်လေးတော်ကိုအသုံးပြုပုံတွေကိုလည်း သင်ပေးသည်။ ဓားကိုအသုံးပြုဖို့ သင်ပေးရာတွင်လည်း ဝမ်ယောလ် ကိုယ်တိုင် လက်ချင်းထပ်ကိုင်ပြီး သင်ပေးနေသည်။

ထိုနေရာတွင်နေရသည့် အချိန်က လူ့ပြည်သက်တမ်းနဲ့သိပ်မကွာသောကြောင့် ၁နှစ်လောက်ကြာသွားပြီဖြစ်ပြီး ဘတ်ဟျွန်း ရဲ့ စွမ်းအားတွေကို သေချာအသုံးပြုနိုင်တော့မှပဲ နန်းတော်ကိုပြန်လာမည်ဖြစ်သည်။ နတ်ပြည်မှာတော့ အချိန်ဘယ်လောက်မှမရှိသေးပေ။

~~~~~~~~

မိစ္ဆာတိုင်းပြည်

ဝူဆော့ နေရာအနှံ့က မီးတောင်ချော်ရည်တွေကို လှည့်ပတ်ပြီး ကြည့်နေသည်။ သူတစ်ခါမှ ဒီနေရာကို မရောက်ဖူးပေ။ နေရာတိုင်း သွေးညှီနံ့တွေအပြင် မိစ္ဆာတွေရဲ့ကိုယ်ကထွက်နေသော ညှီစို့စို့အနံ့ကြီးကြောင့် အန်ပါအန်ချင်လာသည်။

'ငါ နတ်စွမ်းအားကိုခံစားမိသလိုပဲ။ မင်းကော ခံစားမိလား'

အစောင့်မိစ္ဆာနှစ်ယောက်ရဲ့အသံကြောင့် ဝူဆော့ ကံကြမ္မာနတ်စွမ်းအားကိုထုတ်လိုက်ပြီး သူ့စွမ်းအားကို ကာကွယ်ထားလိုက်သည်။ ကံကြမ္မာနတ်စွမ်းအားသုံးနေသ၍ ဝူဆော့ နဖူးတွင် ရွှေရောင်ကြေးခွံလေးတစ်ခုပေါ်နေကာ လင်းလက်နေသည်။

ရှာရွန် စိတ်ညစ်ညစ်နဲ့ သုံးလောကတံခါးဘက်ဆီ လမ်းလျှောက်ထွက်လာသည်။ ကူးစစ်ကို ဒီတိုင်းထားလို့ အဆင်မပြေပေ။ ကြာလျှင် မိစ္ဆာအငွေ့အသက်တွေက သူ့ခန္ဓာကိုယ်ထဲစုမိပြီး နတ်စွမ်းအားလျော့သွားပါက မညီမျှမှုဖြစ်ပြီး အသက်ပါသေသွားနိုင်သည်။ သူ ဖြစ်နိုင်လျှင် ကူးစစ် ကိုတော့ သုံးလောကတံခါးအပြင်ဘက်ကို ရောက်အောင်ပို့ပေးချင်သည်။

ForevermoreWhere stories live. Discover now