6

584 99 9
                                    

[Zawgyi]
Forevermore
အပိုင်း-၆

ဘတ်ဟျွန်း ဝူဆော့ နဲ့တွေ့ပြီး ဝမ်ယောလ် နဲ့အတူနေတဲ့ကျွန်းကို ပြန်လာခဲ့သည်။ ကမ်းစပ်ကနေ ကျွန်းထိပ်ဖျားဆီသွားတဲ့လျှောက်လမ်းလေးပေါ်တွင် လူပုံစံပြောင်းကာရပ်လိုက်ပြီး သွားဖို့ပြင်လိုက်ချိန်

'ဘတ်ဟျွန်း'

ဖူးစာနတ်မင်းက ဝမ်ယောလ် အိမ်တော်ဝန်းကနေပြန်ဆင်းလာတာနဲ့ တိုးသည်။

'ဖူးစာနတ်မင်း'

'မင်းအခုချိန်နောက်ဆုတ်ရင် ဒီကိစ္စကို မရှိခဲ့သလိုထားလို့ရတယ်'

'ဘာတွေပြောနေတာလဲ'

'ငါမင်းကို အခွင့်အရေးပေးနေတာ။ မသိချင်ယောင်မဆောင်စမ်းပါနဲ့'

'လက်မခံဘူးဆိုရင်ရော'

'ဟက်!'

ဖူးစာနတ်မင်းက လှောင်ရယ်ရယ်သည်။

'တန်လို့လား'

ဘတ်ဟျွန်း မျက်နှာတင်းသွားသည်။

'မင်းလို ဘာမှမဟုတ်တဲ့ နဂါးက အိမ်ရှေ့စံမင်းသားနဲ့ တန်လို့လား'

'အဲ့ဒါက နတ်မင်းဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူးလို့ထင်တယ်'

'ဒီအတောအတွင်း မင်းတော်တော်စကားတတ်လာတာပဲ'

'နောက်ဆုတ်ဖို့စိတ်ကူးမရှိတာမို့လို့ ပြန်ပါတော့'

ဘတ်ဟျွန်း နတ်မင်းဘေးကနေ တောင်ပေါ်ဆီလျှောက်သွားလိုက်သည်။

'ဒါက နောက်ဆုံးသတိပေးခြင်းနော်။ ဒီကိစ္စကို မင်းကြီးတို့သိသွားရင် မင်းအပြစ်က သေးသေးလေးမဟုတ်တော့ဘူး'

ဘတ်ဟျွန်း အသက်ကို ဝဝရှူပြီး နတ်မင်းဘက်ခေါင်းလေးစောင်းကာ

'အဲ့ဒါကျွန်တော့်ကိစ္စ'

ဘတ်ဟျွန်း ပြောပြီး ဆက်လျှောက်သွားသည်။

'ဝူဆော့!!!!!'

ဘတ်ဟျွန်း ခြေလှမ်းတွေတုန့်ခနဲရပ်သွားပြီး အလန့်တကြား နတ်မင်းရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။

'မင်းသားကိုလှည့်စားပြီးလက်ထပ်တဲ့အထဲမှာ သူပါ ပါတယ်မဟုတ်လား'

ForevermoreOnde histórias criam vida. Descubra agora