26

423 72 21
                                    

[Zawgyi]
Forevermore(ထာဝရထပ်ပို၍)
အပိုင်း-၂၆

ဝမ်ယောလ် ဘတ်ဟျွန်း လက်ကိုဆွဲပြီး ချန်းအန်းမြို့တော်ဝင်ပေါက်ကနေ ဝင်လာခဲ့သည်။ မြို့တော်အတွင်းကိုရောက်မှ များပြားလှသော လူသားတွေကိုကြည့်ပြီး ဘတ်ဟျွန်း အံ့သြသွားသည်။

'အများကြီးပဲ'

ဘတ်ဟျွန်း ၏ တအံ့တသြပြောသံကြောင့် ဝမ်ယောလ် ပြုံးကာ ဘတ်ဟျွန်း ကိုကြည့်လိုက်ပြီး

'ဒါကနည်းသေးတာ။ ပွဲတော်ရက်တွေဆိုရင် ဒီထက် ပိုများတယ်။ ဒီလမ်းအကျယ်ကြီးက သွားစရာနေရာမရှိအောင် ပြည့်ကျပ်သွားတာ'

'ကျွန်တော် လူ့ပြည်တစ်ခါမှမရောက်ဖူးဘူး'

'ကိုယ်က ခဏခဏရောက်ဖြစ်တယ်။ ကိုယ့်ရဲ့ ယုံကြည်သက်ဝင်သူတွေက ဒီမှာလည်းရှိနေတယ်လေ'

'သြော်'

ဘတ်ဟျွန်း လမ်းတစ်ဖက်စီတွင် ရောင်းနေကြသော ဈေးသည်တွေဆီ အာရုံရောက်နေသည်။ ထို့အပြင် အငွေ့တထောင်းထောင်းဖြင့် စားစရာမျိုးစုံရောင်းနေကြတာကိုတွေ့တော့

'အဲ့ဒါက ဘာတွေလဲ မင်းသား'

'စားစရာတွေလေ။ လူ့ပြည်က စားစရာတွေက အရမ်းအရသာရှိတာ။ ဒီက စားစရာစားပြီးရင် နတ်ပြည်ကအစားအသောက်တွေကို မစားချင်တော့ဘူး'

'အဲ့လောက်တောင်လား'

'အင်း'

'ကျွန်တော် မစားဖူးဘူး'

'စားချင်လား'

'အဆင်ပြေပါ့မလား'

ဘတ်ဟျွန်း မဝံ့မရဲလေးပြောတော့

'ဘာလို့မပြေရမှာလဲ...လာခဲ့'

ဝမ်ယောလ် ဘတ်ဟျွန်း လက်ကိုဆွဲပြီး ခေါက်ဆွဲဆိုင်တစ်ဆိုင်ကိုခေါ်သွားသည်။

'သက်သက်လွတ်ခေါက်ဆွဲ တစ်ပွဲနဲ့ ဖက်ထုပ်ဆီချက်တစ်ပွဲပေးပါ'

'ဟုတ်ကဲ့ ခဏစောင့်ပါ'

စားပွဲထိုးကောင်လေးက ဝမ်ယောလ် ပြောနေတာထက် တစ်ကိုယ်လုံး စွတ်စွတ်ဖြူနေသော ဘတ်ဟျွန်း ကိုသာ စိတ်ဝင်စားနေသည်။

ထိုအခါမှ ဝမ်ယောလ် လည်း ဘတ်ဟျွန်း ကို လူသားပုံစံပြောင်းခိုင်းဖို့ သတိရသွားသည်။

ForevermoreWhere stories live. Discover now