16

587 118 22
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၆

ဝမ်ယောလ် ထူးဆန်းတဲ့ သွေးညှီနံ့ရလိုက်တာကြောင့် အနံ့လာရာကိုကြည့်နေတုန်းမှာပဲ သံချေးတက်နေသော ဓားတစ်ချောင်းက သူ့မျက်လုံးဆီ တည့်တည့် ပျံလာခဲ့သည်။

ဝမ်ယောလ် လည်း သူ့ဓားထုတ်ပြီး ထိုဓားအားခုတ်လိုက်တော့ တစ်ဖက်ကိုလွင့်ထွက်သွားသည်။

'သုံးလောကတံခါး ပွင့်သွားပြီ'

ဝမ်ယောလ် ရေရွတ်လိုက်ပြီး အနှီမိစ္ဆာကောင်ဆီ ဓားဦးတည်လျက် ပျံသွားလိုက်သည်။ သိုင်းပညာအတော်အတန်တက်ပြီး မိစ္ဆာတိုင်းပြည်တွင် ရာထူးမသေးသူဖြစ်သောကြောင့် နတ်ပြည်အစောင့်တွေကိုသတ်ပြီး ရောက်လာနိုင်ခဲ့တာ။ အခုလည်း ဝမ်ယောလ် နဲ့ ယှဉ်တိုက်နိုင်သော အနေအထားရှိနေသည်။

ထိုသူက ဝမ်ယောလ် ခါးတွင်ချိတ်ထားသော ကြာပွတ်ဖြူကို သဘောကျသွားပြီး ကြာပွတ်အား ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

'အဖြူရောင်လေး'

ဝမ်ယောလ် က ဘတ်အွန်း ချန်ထားခဲ့သော ပစ္စည်းကို အမြတ်တနိုးသိမ်းထားတာကြောင့် ထိုညစ်ပတ်နေသော အကောင်တွေ အကြည့်ကိုတောင်မကြိုက်ပေ။ စိတ်တိုသွားပြီး စွမ်းအားထည့်ကာ တိုက်လိုက်တော့ ထိုမိစ္ဆာက ရှောင်နေပြီးမှ သူ့ရဲ့ တစ်ကယ့်စွမ်းအားအစစ်သိမ်းငှက်ပုံစံပြောင်းလိုက်ပြီး ခြေသည်းတွေဖြင့် ဝမ်ယောလ် ကို ကုတ်လိုက်သည်။

ဝမ်ယောလ် က အတောင်ပံထုတ်ပြီး ကာကွယ်လိုက်ပေမဲ့ ထိုလက်သည်းတွေက အတောင်ပုံကိုဖောက်ကာ ဗိုက်ကို ကန့်လန့်ဖြတ်ကြီး ကုတ်ခြစ်မိသွားသည်။ ဝမ်ယောလ် ဗိုက်ကို ကိုင်ကာ လဲကျသွားပြီး အတောင်ပံလည်း ဒဏ်ရာရသွားသည်။

'နတ်ပြည်က အရမ်းကို အင်အားဆုတ်ယုတ်နေပြီပဲ။ ဒီကမ္ဘာကိုအုပ်ချုပ်ဖို့အတွက် မင်းတို့စွမ်းအားနဲ့ မရတော့ဘူး။ ငါတို့ပဲ ပြန်အုပ်ချုပ်တော့မယ်.....ဘယ်လိုလဲ အိမ်ရှေ့စံ။ မင်းရဲ့နောက်ဆုံးစကားလေး ပြောခဲ့ပါဦး'

'ဘယ်သူလဲ'

ဝမ်ယောလ် အမေးကိုကြားတော့ သိန်းငှက်ကြီးက အမဲရောင်ဝတ်စုံ ၊ သိန်းငှက် မျက်နှာဖုံးနဲ့ လူတစ်ယောက်ပုံစံပြောင်းလိုက်ပြီး သံချေးတက်နေသော ဓားကို ပြန်ယူလိုက်ကာ

ForevermoreOù les histoires vivent. Découvrez maintenant