13

573 120 29
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၃

လွန်ခဲ့တဲ့နှစ်ရက်က ဘတ်ဟျွန်း ကို ဘတ်အွန်း က အနားယူဖို့ပြန်လွှတ်လိုက်သည်။  ဘယ်ကိုသွားရမှန်းမသိတဲ့ ဘတ်ဟျွန်း က သူနဲ့ ဝမ်ယောလ် လက်ထပ်တုန်းကနေခဲ့တဲ့ ကျွန်းလေးဆီကို ပြန်သွားခဲ့သည်။

ဒီကျွန်း ကို ဝမ်ယောလ် က သူ့ကိုပထမဦးဆုံးခေါ်
လာခဲ့သည်။  ကျွန်းရဲ့ သဲသောင်ပြင်ကအစ တောင်ထိပ်ပေါ်ရှိ နေခဲ့တဲ့ အိမ်တော်ကအဆုံး အကုန်လုံး အမှတ်တရတွေကြီးအဖြစ်သာ ကျန်နေခဲ့တော့သည်။

ဘတ်ဟျွန်း သံသောင်ပြင်ပူနွေးနွေးပေါ်လမ်းလျှောက်ရင်း နေရောင်ခြည်ရဲ့အနွေးဓာတ်ကို ခံယူနေသည်။ အရင်တုန်းက ဒီကျွန်းပေါ်ကိုရောက်လာတာနဲ့ လုံခြုံမှု
၊ နွေးထွေးမှုတွေကို ခံစားရပေမဲ့ အခုအချိန်မှာတော့ အရာအားလုံးက အေးစက်စွာကြိုဆိုနေသည်။

မြေနီလျှောက်လမ်းလေးက တောင်ပေါ်ဆီ လမ်းကွေ့ပုံစံလေးရှိနေပြီး ပြေပြစ်စွာ တည်ရှိနေသည်။

ဘတ်ဟျွန်း လမ်းအဆုံးကိုရောက်တော့ သူမျှော်လင့်နေသော အနီရောင် စံအိမ်တော်ကြီးကိုမတွေ့ရတော့ဘဲ ရှင်းလင်းနေသော တောင်ထိပ်တစ်ခုကိုသာ တွေ့လိုက်ရသည်။

ဘတ်ဟျွန်း မျက်ရည်ဝဲသွားပြီး သူနေရာမှားရောက်လာသလားလို့ ထင်နေပေမဲ့ လျှောက်လမ်းဘေးမှာရှိနေသော သစ်ပင်ကြီးကိုတွေ့ပြီး မျက်ရည်ကျလာခဲ့သည်။

ဝမ်ယောလ် က ဘတ်ဟျွန်း နဲ့ပက်သက်သော အမှတ်ရစရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်ပဲ။ သူ့စိတ်ထဲ ဘတ်အွန်း ကို စိတ်သန့်သန့်နဲ့ လက်ထပ်ချင်လို့ အခုလိုတွေလုပ်ခဲ့ပေမဲ့ တစ်ဖက်သူ ဘတ်ဟျွန်း အတွက် ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာကို သူမတွေးပေ။

ဘတ်ဟျွန်း သစ်ပင်ကြီးအောက်မှာ ဒူးထောက်ချလိုက်ပြီး ပင်စည်အောက်မှာ ဝှက်ထားသော အနီရောင်အထုပ်လေးကို ယူလိုက်သည်။

'တော်သေးတာပေါ့ ရှိသေးလို့'

ဘတ်ဟျွန်း အနီရောင်ပိတ်စအနားတွေကိုဖြည်လိုက်တော့ ပေါ်လာသည်က ပစ္စည်းနည်းနည်းလေးသာ။ ပန်းချီလိပ်တစ်လိပ်နဲ့ ဆေးပုလင်းလေးတစ်ဗူး။

ForevermoreWhere stories live. Discover now