21

561 106 9
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၁

နတ်ပြည်တွင် ဝမ်ယောလ် ၏ နဂါးတောင်ကြားကို နိုင်ခဲ့ပြီး မိစ္ဆာတွေကို ငရဲပြည်ပြန်ပို့နိုင်ခဲ့သော သတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားသည်။

ကောင်းကင်မင်းကြီးနှင့် ဖူးစာနတ်မင်းက ထိုသတင်းကိုကြားပြီး စိတ်ပျက်သွားသည်။

'မင်းကြီးပြောတော့ ဝမ်ယောလ် ကိုသတ်မှာဆို'

'ဘတ်ဟျွန်း က ကံကြမ္မာနတ်မင်းလေ။ ပြီးတော့ သူက ပေလွှာအလွတ်ပိုင်ရှင်။ ငါ့တွက်ချက်မှုမှားတာ သံသယဝင်စရာမရှိဘူး'

'ဟိုတစ်ခေါက်ကတည်းက ဝမ်ယောလ် သူ့ကိုသတ်လိုက်ရမှာ'

'လောလောဆယ် ငါတို့အလိုက်သင့်နေရလိမ့်မယ်'

'ချူးရန် အတွက်ကကော။ မင်းကြီးပဲ ဒီတိုက်ပွဲမှာ ချူးရန် ဂုဏ်ဆောင်နိုင်အောင်လုပ်ပေးမယ်ဆို'

'ကိုယ် လုပ်ပေးမှာပါ'

'တော်ပြီ။ နောက်ဆို မင်းကြီးစကားထပ်မယုံတော့ဘူး'

ဖူးစာနတ်မင်းက မျက်ရည်ဝဲကာ ထွက်သွားတော့ မင်းကြီး စိတ်မကောင်းဖြစ်ကာ ဝမ်ယောလ် ကိုစိတ်တိုသွားသည်။

'ချန်းလျဲ့ က အခွင့်အရေးရတုန်း ဝမ်ယောလ် ကို ဘာလို့မသတ်တာလဲ'

မင်းကြီး စိတ်တိုပြီး ရေနွေးခွက်အား နံရံဆီပစ်ပေါက်လိုက်သည်။

'ဘတ်ဟျွန်း........သူ့ကို ဘယ်လိုရှင်းရမလဲ'

~~~~~~~~~~~~

ဂျုံအင် က ဝမ်ယောလ် ၏ သတင်းကြားကြားချင်း ဂျွန်မြောင့် ဆီအပြေးရောက်လာသည်။ ဂျွန်မြောင်သည်လည်း ထိုသတင်းအားကြားပြီးဖြစ်သည်။ ဒါပေမဲ့ ကြားရသော သတင်းက သူသိထားသော သတင်းနှင့်ကွဲလွဲနေခဲ့သည်။

နဂါးတောင်ကြားအား ဝမ်ယောလ် က အောင်နိုင်ခဲ့သည်တဲ့လေ။ အမှန်က ဘတ်ဟျွန်း တစ်ယောက်တည်းတိုက်ပြီး အောင်နိုင်ခဲ့တာ။ ဒါကို မှတ်တမ်းယူရသည့် သူတို့ကအသိဆုံးပင်။ ဒါပေမဲ့ သူတို့က ပြောခွင့်မှမရှိတာ။ တိုက်ပွဲနိုင်လာသည့် စစ်သည်တွေကလည်း ဘတ်ဟျွန်း အကြောင်း ဟမည်မဟုတ်ဘဲ သူတို့၏ တိုက်ပွဲဝင်ပုံကိုသာ ပုံကြီးချဲ့ပြောမည်မှန်း အထူးမေးစရာမလိုပေ။

ForevermoreWhere stories live. Discover now