[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၇ဝမ်ယောလ် တိုက်ပွဲသွားလျှင် လိုအပ်မည့် ပစ္စည်းတွေအားလုံးကို ဘတ်ဟျွန်း က ထည့်ပေးနေသည်။ ဝမ်ယောလ် ကျန်းမာရေးမကောင်းသေးလို့ မသွားစေချင်ပေမဲ့ မသွားပြန်လျှင်လည်း သူ့ရဲ့ အိမ်ရှေ့စံနေရာက စိုးရိမ်ရပြန်သည်။ ဦးရီးတော်ဆိုသည့်သူက ဝမ်ယောလ် နေရာမှာ သူ့သားကိုအစားထိုးချင်နေတာ သိပ်သိသာလွန်းသည်။
အဓိကဖြစ်တဲ့ ဆေးဝါးနဲ့စားစရာ ကို ပြင်ဆင်ပြီးနောက် ဝမ်ယောလ် ၏ စစ်တိုက်ဝတ်စုံကို ယူရန် အထိန်းတော်တစ်ယောက်ကို မေးလိုက်သည်။
'မင်းရဲ့ စစ်တိုက်ဝတ်စုံက ဘယ်မှာထားထားလဲ'
'မင်းကဘာမို့လို့ပြောပြရမှာလဲ'
'ဘယ်မှာထားထားလဲ'
'ဒီအလုပ်တွေက မင်းသားရဲ့ကြင်ယာတော်လုပ်ရမှာ။ မင်းကဘာမို့လဲ'
ဘတ်ဟျွန်း အထိန်းတော်လေး၏စကားဆုံးအောင်သာ နားထောင်နေသည်။ စိတ်ဆိုးခြင်းလည်းမရှိ၊ ဝမ်းနည်းခြင်းလည်းမရှိ။
'ဘယ်မှာလဲ'
ဘတ်ဟျွန်း ထပ်မေးတော့ အထိန်းတော်လေးက တော်တော်မျက်နှာပြောင်တိုက်တာပဲ ဆိုသည့် အမူအရာဖြင့် ပြက်ရယ်ပြုသည်။
'မပြောဘူး'
အထိန်းတော်လေး လှည့်ထွက်သွားတော့
ဘတ်ဟျွန်း သူကိုယ်တိုင်ပဲမျက်လုံးမှိတ်ပြီး ဝမ်ယောလ် ၏ ဝတ်စုံတည်နေရာကိုရှာလိုက်သည်။ နောက်တော့ ကြင်ယာတော်အခန်းထဲတွင် ဝတ်စုံကိုတွေ့လိုက်သောကြောင့်
'ကြင်ယာတော်အခန်းထဲမှာလား'
အထိန်းတော်လေးက အလန့်တကြားလှည့်ကြည့်လိုက်တော့ ဘတ်ဟျွန်း က ရယ်ပြလိုက်ပြီး
'ဒီဟာလေးရှာဖို့က ငါ့အတွက်မခက်ဘူး'
'ကြင်ယာတော်ရဲ့စွမ်းအားတွေကိုယူထားတာပဲကို ဘယ်ခက်ပါ့မလဲ'
ဘတ်ဟျွန်း ဘာမှမပြောတော့ဘဲ ကြင်ယာတော်အခန်းထဲကိုသာ ဝင်ပြီး ဝတ်စုံကိုယူလိုက်သည်။
အခန်းထဲဝင်လိုက်တော့ ဘတ်အွန်း ကို လွမ်းသည့်စိတ်က တစ်ဟုန်ထိုးဝင်လာသည်။