35

522 53 19
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃၅

ဘတ်ဟျွန်း နေပြန်ကောင်းတာနဲ့ ဝမ်ယောလ် က နတ်ပြည်ကိုချက်ချင်းပြန်ပြီး သူ့ရဲ့နေရာအမှန်ကို အရယူနိုင်ရန် ကြိုးစားတော့သည်။

ဒါပေမဲ့ ဝမ်ယောလ် နှင့် ဘတ်ဟျွန်း ထွက်သွားတုန်းက ရုတ်တရက်ပေါ်လာသည့် ရေခဲနှင်းစွမ်းအားက အခုထိ တရားခံရှာမရသေးပေ။

နတ်ပြည်၏ ညီလာခံအစည်းအဝေးတွင်ဖြစ်သည်။

ဝမ်ယောလ် နှင့် ဘတ်ဟျွန်း က အတူယှဉ်ရပ်နေပြီး သူ့အရှေ့တွင်တော့ ချူးရန် နှင့် ဖူးစာနတ်မင်းရှိနေသည်။ ပုလ္လင်ပေါ်တွင် ကောင်းကင်မင်းကြီးနှင့် မီးနတ်ဘုရားမထိုင်နေပြီး အခုအချိန်က အိမ်ရှေ့စံမင်းသားကို တရားဝင်ရွေးချယ်ရန် တိုက်တွန်းနေကြသည်။

'အိမ်ရှေ့စံရွေးချယ်ထားရအောင် ကိုယ်တော်က ဘာဖြစ်နေလို့လဲ ကြင်ယာတော်'

ကောင်းကင်မင်းကြီး၏ ပုလ္လင်ဘက်က ရွှေရောင်တလက်လက်တောက်ပနေသလောက် မီ်းနတ်ဘုရားမဘက်မှာတော့ မီးတဟုန်းဟုန်းတောက်လောင်နေသည်။

'ဘာလို့လဲဆိုတော့ အတုကို အစစ်လို့ယုံအောင်လုပ်ပြီး နေရာပေးလိုက်မှာစိုးလို့လေ'

'မင်းဘာတွေပြောနေတာလဲ။ ဒီနေရာအထိဝင်ပြီးနှောင့်ယှက်နေရုံနဲ့ အားမရသေးဘူးလား'

'ဒါဆိုရင် မင်းကြီးရဲ့ လုပ်ရပ်တွေကိုပြင်လေ။ ချူးရန် က မွေးစားသားဆိုတာ သေချာလို့လား'

'မင်းစကားပြောတာလွန်နေပြီ'

'မှန်နေတာပဲကို'

ဆတ်ဆတ်ထိမခံဖြစ်သွားသော မင်းကြီးကို မီးနတ်ဘုရားမက လှောင်ရယ်သည်။

'မဟုတ်တွေပြောပြီး လာမစွပ်စွဲနဲ့'

'ဒါဆိုရင် တရားဝင်သားတော်ကို အိမ်ရှေ့စံနေရာပေးဖို့ကို ဘာလို့ ဒီလောက်အထိ တွန့်ဆုတ်နေတာလဲ'

'ဝမ်ယောလ် ကငယ်သေးတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်သေးဘူး'

'ဟုတ်လား....သားတော်'

မီးနတ်ဘုရားမက ဝမ်ယောလ် ကိုကြည့်ပြီးမေးသည်။

ForevermoreUnde poveștirile trăiesc. Descoperă acum