19

577 97 21
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၉

ဘတ်ဟျွန်း ထို ဝဲကြီးထဲဝင်သွားပြီးနောက် ဝမ်ယောလ် ကို လိုက်ရှာတော့သည်။ သူ့စိတ်ထဲတွင် တွေးနေသည်က ဝမ်ယောလ် ဘေးကင်းဖို့နဲ့ ဒဏ်ရာမရစေဖို့သာ တွေးနေသည်။ ဆက်သွားရင်း ဝဲအောက်ခြေကိုရောက်သွားတော့ ပင်လယ်ထဲက ကျွန်းတစ်ခုပေါ်ရောက်သွားပြီး

'ဒီနေရာက'

စိမ့်စမ်းကျွန်းပေါ်ကို ဘတ်ဟျွန်း ရောက်နေတာဖြစ်သည်။ ကြည့်ရတာ ဝမ်ယောလ် ၏ မသိစိတ်ကဖန်တီးထားသော နေရာတစ်ခုဖြစ်လောက်သည်။ ဒီဝဲကယက်က သာမန်ဖမ်းချင်ရုံသက်သက်မဟုတ်ဘဲ ဒီထဲကနေ ထွက်မပြေးနိုင်အောင် လှောင်ပိတ်ထားမည့် သဘောရှိသည်။

'မင်းသား!!'

ဘတ်ဟျွန်း လိုက်ရှာနေပေမဲ့ မတွေ့တာပေ။ ခဏကြာတော့မှ သူ့ဆီကို ရွှေရောင်ဇာမဏီငှက်ပျံသန်းလာတာကို တွေ့လိုက်ရသည်။

ဒါဆို ဝမ်ယောလ် ၏ စိတ်ကူးထဲက ပုံရိပ်နေရာမဟုတ်ဘဲ ဘတ်ဟျွန်း ရဲ့ နှလုံးသားထဲမှာ စွဲကျန်နေသည့် ဝမ်ယောလ် နဲ့ ဘတ်ဟျွန်း စတင်ဆုံတွေ့သော နေရာဖြစ်နေသည်။

'ယောလ်'

ဘတ်ဟျွန်း အရှေ့တွင် ဆင်းသက်လာသော ဝမ်ယောလ် သည် ဘတ်ဟျွန်း အား မြတ်နိုးခြင်းအပြည့်နှင့်ကြည့်နေသည်။

ဘတ်ဟျွန်း မျက်ရည်ဝဲသွားပြီး ဝမ်ယောလ် အနားကို လျှောက်သွားကာ ဝမ်ယောလ် ၏ ပါးပြင်ပေါ် လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည်။

ဒီပုံရိပ်ယောင် ကမ္ဘာထဲကနေတောင် မထွက်သွားချင်တော့ဘူး။

'ဟျွန်းလေး'

'ယောလ်'

'တောင်းပန်ပါတယ်'

'ကျွန်တော်ကလည်း တောင်းပန်ပါတယ်'

ဝမ်ယောလ် ပါးကိုကိုင်ထားသော လက်မှ ဓားမြှောင်တစ်ချောင်ဖန်တီးလိုက်ပြီး ဝမ်ယောလ် ၏ နှလုံးတည့်တည့်အား ထိုးစိုက်လိုက်သည်။

ခုနကအထိ စိမ်းစိုနေသော ကျွန်းကြီးက ချက်ချင်းဆိုသလို မဲမှောင်သွားကာ ယခင်ဝဲကယက်အတွင်းပဲ ပြန်ရောက်သွားသည်။

ForevermoreWhere stories live. Discover now