20

587 100 40
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၀

ဘတ်ဟျွန်း သူ့ရဲ့ တဲနေရာဆီပြန်ရောက်လာတော့ သက်ပြင်းမောတစ်ခုကို ချလိုက်မိသည်။

အပြင်က သူတားဆီးထားသော အတားအဆီးကို တိုက်ဖောက်နေကြသော ဂဠုန်ငှက်တွေအပြင် စွမ်းအားမျိုစုံသုံးပြီး ဖျက်ဆီးနေကြသော မိစ္ဆာကောင်တွေသည် မရေမတွက်နိုင်အောင်ရှိနေသည်။

'မဖြစ်တာကြီးကို'

အဆုံးမဲ့မိစ္ဆာတွေနှင့် နဂါးတို့၏ရန်သူ ဂဠုန်ငှက်တွေကို သူဘယ်လိုလုပ် နိုင်အောင်တိုက်နိုင်မှာလဲ။

ဒါပေမဲ့ လက်လျှော့လိုက်ပြန်လျှင်လည်း ဝမ်ယောလ် ၏ အချစ်ကို မရနိုင်တော့ပေ။ ဘတ်ဟျွန်း ကို ချစ်လာအောင် ကြိုးစားပေးမယ်လို့ ပြောခဲ့သည်မဟုတ်လား။ နောက်ထပ်အခွင့်အရေးဆိုတာ မသေချာတော့ဘူး။ စစ်ကူလည်းမရောက်လာသလို ဝမ်ယောလ် ၏ အဆိပ်ကလည်း အမြုတေအထိရောက်သွားလျှင် အသက်ပါဆုံးရှုံးသွားနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပဲတိုက်ခိုက်ရတော့မှာ။ စွမ်အားမြင့်နတ်နဂါးဖြစ်တဲ့ သူကလွဲပြီး ဘယ်သူမှ တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး။ တစ်ဦးတစ်ယောက်ကမှ အသိအမှတ်မပြုခဲ့လျှင်တောင် ဝမ်ယောလ် ရဲ့ အချစ်ကို ရနိုင်ဖို့ အခွင့်အရေးရှိနေသည်။

လေတိုက်နေသောကြောင့် ဘတ်ဟျွန်း ၏ ရွက်ဖျင်တဲတံခါးရွက်လေးက ဝှေ့ယမ်းနေသည်။ အတွေးတွေ လွန်ဆွဲနေရင်း ထိုဝှေ့ယမ်းနေသော တံခါးရွက်စကနေတစ်ဆင့် အပြင်က ဒဏ်ရာရနေသော စစ်သည်တွေကိုကြည့်နေသည်။ နဂါးတပ်မဟာ.....

'အစ်ကိုတော်ငယ်.......'

ဘတ်ဟျွန်း သူ့ရဲ့ ရင်ဘက်အလယ်ကို ဖိကိုင်လိုက်ပြီး ပူနွေးနေသော အမြုတေအား ခံစားလိုက်ရသည်။ ဘတ်အွန်း ပေးထားခဲ့သော သူ့စွမ်းအားတွေထိန်းချုပ်ပေးနေသည့် အမြုတေ.....။

'ဖယ်ပစ်လိုက်ရမလား.......ငါ့စွမ်းအားက ဘယ်လောက်အထိ အဆုံးမဲ့ရှိနေမလဲ'

ဘတ်ဟျွန်း ငေးနေရင်း ရေရွတ်လိုက်သည်။

ဘတ်ဟျွန်း ကယ်ရမှာ ဝမ်ယောလ် တစ်ယောက်တည်းမဟုတ်ပေ။ ဘတ်အွန်း တည်ထောင်ပေးခဲ့သည့် နဂါးတပ်မဟာနှင့် သူ၏အစ်ကိုတော် ဘတ်ဘွန်း ပါရှိနေသည်။

ForevermoreOù les histoires vivent. Découvrez maintenant