8

513 99 25
                                    

[Zawgyi]
Forevermore (ထာ‌ဝရထက်ပို၍)
အပိုင်း-၈

ဘတ်ဟျွန်း ထွက်သွားတော့မှ ဘတ်ဘွန်း က နဂါးမင်းကြီးကို ပြောလိုက်သည်။

'ခမည်းတော် သူ့ကိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ'

'အခြေအနေစောင့်ကြည့်တာပေါ့'

'သူ့ပုံစံက သာမန်မဟုတ်ဘူး ခမည်းတော်။ အွန်းလေး က အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ပြီး ဝမ်အွန်း ဖြစ်သွားရင် နဂါးမျိုးနွယ်စုက နတ်ပြည်မှာ နေရာပိုပြီးရလာမှာ။ ပြီးတော့ နတ်ဘုရားအထိတောင် ဖြစ်သွားနိုင်တယ်။ ဒီကိစ္စမှာ စွမ်းအားမရှိတဲ့ ဘတ်ဟျွန်း ရှုပ်နေတာသာသိသွားရင် နဂါးမျိုးနွယ်စုက ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရမှာ'

'အစ်ကိုကြီးပြောတာဖြစ်နိုင်လို့လား။ ဘတ်ဟျွန်း က ငယ်ငယ်လေးကတည်းက မီးတစ်စတောင်ရအောင် စွမ်းအားထုတ်နိုင်တဲ့သူမှမဟုတ်တာ'

ဘတ်မွန်း ကတော့ အစကတည်းက စွမ်းအားကြီးသူတွေကိုသာ လေးစားသူပီပီ ဘတ်ဟျွန်း ကို နှိမ့်ချဆက်ဆံသည်။

'အစ်ကိုကြီးပြောတဲ့အတိုင်းဆိုရင် အွန်းလေး က နိုင်ခဲ့တာဆိုရင်တောင် ယုံချင်စရာကောင်းသေးတယ်။ အခုဟာက ဘာဆို ဘာစွမ်းအားမှမရှိတဲ့ ဘတ်ဟျွန်း က မိစ္ဆာတပ်ကိုနိုင်ခဲ့တာဆိုတာက သိပ်တော့ ကြားလို့အဆင်မပြေဘူး'

'အဲ့ဒါကအမှန်ပဲဆိုရင်ကော ဘယ်လိုဆက်လုပ်မှာလဲ'

'မင်းကဘာပြောချင်တာလဲ ဘတ်ခွန်း'

ဘတ်ခွန်း က သေရည်တစ်ခွက်ကိုမော့သောက်လိုက်ကာ

'ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေ'

'မင်း မူးနေပြီ'

'ငါမမူးသေးဘူး။ အမှန်တရားကိုပြောပြနေတာ။ ပထမအစီအစဉ်က မသေချာရင် ဒုတိယအစီအစဉ် ပြင်လို့ရအောင် ကြိုပြောပြတာ'

မင်းသားတွေအားလုံး နဂါးမင်းကြီးကို ကြည့်လိုက်သည်။

'သူ့မှာစွမ်းအားရှိလာလည်း အစကတည်းက နဂါးမင်းသားစာရင်းထဲမထည့်ထားတော့ စွမ်းအားရှိမှ ကောင်းပြနေရင် လှောင်စရာဖြစ်သွားလိမ့်မယ်'

Forevermoreحيث تعيش القصص. اكتشف الآن