18

558 122 11
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၈

ဘတ်ဟျွန်း စုရပ်တဲတွေဆီရောက်တော့ နဂါးတပ်မဟာရဲ့ ဦးဆောင်သူ မင်းသား ဘတ်ဘွန်း က ဒဏ်ရာရထားသော နဂါးတွေကို ကုပေးဖို့ ဆေးတပ်သားတွေကို ညွှန်ကြားနေသည်။

ဝမ်ယောလ် နဲ့ သူ့ရဲ့ ကိုယ်ရံတော် အာ့ရှန်း အပြင် တခြားစစ်သူကြီးတွေ အစည်းအဝေးခန်းထဲဝင်သွားတာကိုတွေ့လိုက်ရသည်။

ဘတ်ဟျွန်း လည်း ဘတ်ဘွန်း ကိုမတွေ့ချင်တာကြောင့် ဝမ်ယောလ် အနောက်ကနေလိုက်သွားသည်။

အခန်းထဲရောက်တော့

'မင်းက ဘာလာလုပ်တာလဲ'

စိတ်ရှုပ်နေသော ဝမ်ယောလ် ၏ အသံက ဒေါသလွှမ်းနေသည်။

'ဟို'

ဘတ်ဟျွန်း ဘယ်လိုဖြေရမလဲမသိပေ။ အကြံပေးဖို့လာတယ် ဆိုရအောင်လည်း သူ့အဆင့်အတန်းက အဲ့လောက်မဟုတ်။ ဘတ်ဘွန်း ကိုရှောင်ချင်လို့လို့ အမှန်အတိုင်းပြောပြန်လျှင်လည်း ဝမ်ယောလ် က အရွဲ့တိုက်ပြီး မျက်နှာချင်းဆိုင်တွေ့ပေးနေဦးမည်။

တခြား တဲအခန်းတွေအပြင် ဘတ်ဟျွန်း ကိုယ်တိုင် စွမ်းအားဖြင့် နေစရာဖန်တီးလို့ရပါလျက်နှင့် ဝမ်ယောလ် အပြောအဆိုခံပြီး တကောက်ကောက်လိုက်သည်။

'မင်းသားကို စိတ်မချလို့'

ထိုအဖြေသည်လည်း မမှားပေ။ ချန်းလျဲ့ ဆိုသည့်သူကို ဘတ်ဟျွန်း မယုံပေ။ ထို့အပြင် ဝမ်ယောလ် ရဲ့ လုံးဝမပျောက်ကင်းသေးသော ဒဏ်ရာကို အဆိပ်ထပ်လူးမည်ကို သူစိုးရိမ်သည်။ ဝမ်ယောလ် သာ ဘတ်ဟျွန်း မျက်စိအောင်တွင်ရှိလျှင် အန္တရာယ်ကင်းမည်ဆိုတာ အမှန်အကန်ပေ။

ဘတ်ဟျွန်း ၏ စကားက ဝမ်ယောလ် ကို အထင်သေးသည့်ပုံစံပေါက်သွားသောကြောင့် စစ်ပွဲရှုံးလာသော ဝမ်ယောလ် ၏ ဒေါသတွေက ဘတ်ဟျွန်း ဆီပေါက်ကွဲထွက်တော့သည်။

ဝမ်ယောလ် ဓားကို ဆွဲထုတ်ပြီး ဘတ်ဟျွန်း ဆီပစ်ပေါက်လိုက်သည်။

'ငါ့ကိုအထင်သေးနေတာလား။ အွန်းလေး ရဲ့ စွမ်းအားတွေနဲ့ မာနတွေတက်နေတာလား ဘတ်ဟျွန်း'

ForevermoreWhere stories live. Discover now