30

417 66 5
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃၀

ရှာရွန် ရဲ့ အလှည့်ပြီးသွားတော့ ဘတ်အွန်း ရဲ့ စွမ်းအားပြသရမဲ့အချိန်ကိုရောက်လာသည်။

'ဘတ်ဟျွန်း အဆင်ပြေရဲ့လား'

ရှာရွန် ရောက်လာပြီး ဘတ်ဟျွန်း ဘေးနားတွင် မတ်တပ်ရပ်လိုက်သည်။ သူမြင်နေရသည့် ဘတ်ဟျွန်း ၏ အကြည့်တွေထဲ မနာလိုခြင်းတွေပါနေသည်။ ဘတ်ဟျွန်း က အရမ်းရည်မှန်းချက်ကြီးတဲ့သူ။ သူလိုချင်တာကို မရရအောင်ယူတတ်ပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူး။

'ကျွန်တော်က ကျွန်တော့်အစ်ကိုကို ဘာလုပ်မယ်လို့ထင်နေတာလဲ။ အစ်ကို ရှာရွန် အစိုးရိမ်လွန်နေပြီ။ ကျွန်တော်က သူ့နေရာကိုလိုချင်ရင်တောင် တရားသောနည်းလမ်းနဲ့ယူမှာပါ'

ရှာရွန် က ဘတ်ဟျွန်း ကို ဘာမှပြောမနေဘဲ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်သည်။ မဟုတ်လျှင် အခြေအနေက ပိုဆိုးသွားနိုင်သည်။

ထိုအချိန်တွင် ကံကြမ္မာနတ်မင်းရောက်လာပြီး

'ရှာရွန်'

'ဟုတ်ကဲ့ နတ်မင်း'

'ပွဲပြီးရင် နတ်ပြည်မှာခဏနေခဲ့လိုက်ဦး။ စွမ်းအားအသစ်တွေအတွက် မိုးကြိုးနတ်ဘုရားနဲ့ တွေလိုက်'

'ဟုတ်ကဲ့ နတ်မင်း'

နတ်မင်းက ဘတ်အွန်း ကိုသာ ငေးနေသော ဘတ်ဟျွန်း ကို တစ်ချက်ကြည့်ပြီး ပြန်သွားသည်။

~~~~~~~~~~~

မိစ္ဆာတိုင်းပြည်

ဥတုသုံးပါးနတ်စွမ်းအားဖြန့်ကျက်ပွဲကို မိစ္ဆာတိုင်းပြည်ကလည်း ကြည့်ရှုကြသည်။ လောကသုံးပါးလုံးအေးချမ်းနေသည့်ကာလဖြစ်သည့်အပြင် နတ်ပြည်နှင့် မိစ္ဆာတိုင်းပြည်ကလည်း ချစ်ကြည်ရေးယူထားသည်။ လူပြည်နဲ့လည်း ငြိမ်းချမ်းရေးယူထားသည်။ မိစ္ဆာတွေ၏ စွမ်းအားက လူ့အသွေးအသားစားသုံးမှုအပေါ်မူတည်မနေဘဲ မိစ္ဆာဘုရင် ချန်းယောလ် ၏ စွမ်းအားဖြင့် ဖြန့်ကျက်ပေးထားသောကြောင့် ငြိမ်းချမ်းရေးရခြင်းဖြစ်သည်။ သမိုင်းတလျှောက် လူသားနှင့် မိစ္ဆာတို့က အမြဲရန်ဘက်ဖြစ်ခဲ့သည်။ မိစ္ဆာ၏အစာက လူ့အသွေးအသားဖြစ်ပြီး လူသားတွေက မိစ္ဆာကိုနိုင်မည့် နတ်တွေကို အကူအညီတောင်းသည်။ အားနည်းသူဘက်က နတ်တွေက ဝင်ကူညီရင်း ရန်သူက နတ်ပြည်ဖြစ်သွားသည်။ ဒါပေမဲ့ ချန်းယောလ် ဘုရင်အဖြစ်နန်းတက်ကတည်းက မိစ္ဆာတွေရဲ့စွမ်းအားထိန်းသိမ်းပုံတွေကိုသင်ပေးပြီး သူ့တိုင်းပြည်ရဲ့ စွမ်းအားကာကွယ်ရေး ထောက်ပံ့ရေးအတွက် ချန်းယောလ် က ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် မိစ္ဆာတိုင်းပြည်ရဲ့ အသက်က ချန်းယောလ် ဖြစ်သည်အထိ သူ့ရဲ့စွမ်းအားက ကြီးမားခဲ့သည်။

ForevermoreWhere stories live. Discover now