12

570 119 51
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၂

ဝူဆော့ ကို ဝမ်ယောလ် နန်းဆောင်က အထိန်းတော်တွေက ပေးမဝင်သောကြောင့် ခန်းမကိုသာပြန်လာခဲ့ရသည်။ အိမ်ရှေ့စံနန်းဆောင်ဆိုတော့ ကြီးကျယ်မှန်းသိပေမဲ့ သူလည်းစွမ်းအားရှိ ငါးတစ်ကောင်ပဲကို။ သူ့ကိုတောင် ဒီလောက်နှိမ်နေရင် ဘတ်ဟျွန်း ကိုဆို ဘယ်လောက်တောင် နှိမ်နေလိုက်မလဲ တွေးတောင်မတွေးနိုင်ပေ။

'နဂါးဖြူရဲ့ စွမ်းအားအစစ်တွေကိုသိပြီးမှ အကုန်လုံး မျက်လုံးပြူးပြီး ဒူးထောက်တောင်းပန်ကြရလိမ့်မယ်။ ဟွန့်'

ဝူဆော့ က ဘတ်ဟျွန်း ရဲ့ ဘဝအမှန်ကိုသိသည်။ ဘတ်ဟျွန်း က သာမန်မဟုတ်မှန်းလည်းသူသိနေသည်။ ပြီးတော့ ဘတ်ဟျွန်း ကျေးဇူးတွေက သူ့အပေါ်အများကြီးရှိသည်။ သူကိုယ်တိုင်ကလည်း သာမန်ငါးတစ်ကောင်မဟုတ်ဘဲ ဘတ်ဟျွန်း ကြောင့် ပြန်ပြီးမွေးဖွားလာတာ။ သူ့အလုပ်က ဘတ်ဟျွန်း ကို ကာကွယ်ပေးဖို့နဲ့ စောက်ရှောက်ပေးဖို့။

ဝူဆော့ ဘတ်ဟျွန်း အကြောင်းတွေးနေတုန်း ဘတ်ဟျွန်း ပြန်လာသည်။

'ပြန်ရောက်ပြီလား နဂါးဖြူလေး'

'အင်း'

ဝူဆော့ မျက်နှာမကောင်းသော ဘတ်ဟျွန်း ကြောင့်

'ဘာဖြစ်လာတာလဲ မျက်နှာမကောင်းဘူး။ မင်းသားက အနိုင်ကျင့်လိုက်ပြန်ပြီလား'

'မဟုတ်ပါဘူး'

ဘတ်ဟျွန်း ပိတ်စတွေကို ယူလိုက်ပြီး အတိုင်းနဲ့ ဖြတ်ဖို့လုပ်သည်။

ဝူဆော့ က ဘတ်ဟျွန်း ရဲ့ လည်ပင်းက အနီရောင်အကွက်နှစ်ခုကိုမြင်လိုက်ပြီး

'လည်ပင်းက ဘာဖြစ်တာလဲ'

ဝူဆော့ မေးတော့ ဘတ်ဟျွန်း က မြန်မြန်ပဲ ထိုအမှတ်နှစ်ခုကို ဖုံးလိုက်ပြီး

'ဘာမှမဟုတ်ဘူး'

မျက်နှာပျက်သွားသော ဘတ်ဟျွန်း ကြောင့် ဝူဆော့ က ဝမ်ယောလ် လက်ချက်ကြောင့်ဆိုတာ သိလိုက်ပြီး

'မင်းသားက မုန်းတယ်လို့သာအော်နေတာ။ အသားတော့ ယူတတ်တယ်'

ဘတ်ဟျွန်း ဝူဆော့ ကိုကြည့်လိုက်တော့ ဝူဆော့ လှမ်းရန်တွေ့သည်။

ForevermoreWhere stories live. Discover now