22

566 83 21
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၂

မိုးကြိုးအပြစ်ဒဏ်ကြောင့် ဝမ်ယောလ် ဒဏ်ရာရသွားပြီး ညစာစားပွဲလည်း ပျက်သွားသည်။

နတ်ဆေးသမားတော်က ဝမ်ယောလ် ကိုကုသပေးနေစဉ်တစ်လျှောက်လုံး ဘတ်ဟျွန်း မျက်ရည်လေးတွေဝဲကာ ဘေးနားတွင်ရပ်ပြီး တစ်ချိန်လုံးစိတ်ပူနေခဲ့သည်။

မီးနတ်ဘုရားမက အိပ်ပျော်နေဆဲဖြစ်သော ဝမ်ယောလ် ကိုကြည့်ပြီးနောက် ဘေးနားတွင် မတ်တပ်ရပ်နေသော ဘတ်ဟျွန်း ကိုကြည့်လိုက်သည်။

သူများကိုရိုက်ရင် ကိုယ်လည်း လက်အနာခံရသည်ဆိုသလို ဘတ်ဟျွန်း ကို လက်စားချေဖို့ ဝမ်ယောလ် က သူအရင် အနာခံပြလိုက်ရသည်။ မီးနတ်ဘုရားမ သိပ်မကျေနပ်သော်လည်း ဝမ်ယောလ် အနားတွင် ဘတ်ဟျွန်း ရှိဖို့လိုအပ်နေသောကြောင့် တိုနေသောစိတ်ကိုအတင်းအောင့်အီးပြီး နေနေရသည်။

'ဘတ်ဟျွန်း'

နတ်ဘုရားမအသံကြားတော့ ဘတ်ဟျွန်း ဝမ်ယောလ် ကို ကြည့်နေရာကနေ နတ်ဘုရားမကို လှည့်ကြည့်လိုက်ပြီး

'ဟုတ်ကဲ့'

နတ်ဘုရားမက သမားတော်ရှိနေသောကြောင့် မတ်တပ်ရပ်လိုက်ပြီး

'လိုက်ခဲ့'

'မင်းသားက..'

'နတ်ဆေးသမားတော်ရှိတယ်။ ထားခဲ့လိုက်'

နတ်ဘုရားမ၏အသံက တည်ငြိမ်နေကာ ဒေါသစွက်နေသည်။

ဘတ်ဟျွန်း ခေါင်းလေးငုံ့လိုက်ပြီး

'ဟုတ်'

နတ်ဘုရားမ ထွက်သွားတော့ ဘတ်ဟျွန်း ဝမ်ယောလ် ကိုတစ်ချက်ကြည့်လိုက်ပြီး အနောက်ကနေလိုက်သွားသည်။

အနောက်ဘက်ဥယျာဉ်ဆီရောက်တော့ နတ်ဘုရားမ ဆက်မသွားတော့ဘဲ ဘတ်ဟျွန်း ဘက်ကိုလှည့်လိုက်ပြီး

ဖြောင်း!!!

ဘတ်ဟျွန်း မျက်နှာလေး လည်သွားပြီး နတ်ဘုရားမကို ကြောင်တောင်တောင်လေးပြန်ကြည့်နေသည်။

'မင်းကို ငါ့သားအနားထားထားတာ ယောလ်ငယ် ကို ကာကွယ်ဖို့။ မင်းပြဿနာရှာပြီး ယောလ်ငယ် ဒဏ်ရာရစေချင်လို့မဟုတ်ဘူး'

ForevermoreWhere stories live. Discover now