Extra 1

1.1K 165 33
                                    


>>>>>Unicode<<<<<

တူစုံတွဲလို့ စေ့စပ်ပွဲသို့...

ခင်ဗျားလေးတို့ သိကြမှာပါ။ လူတွေများ သူများကိစ္စဆို သိပ်စိတ်ဝင်စားရောပဲ။ တဖက်သားကြိုက်လားမသိ၊ မကြိုက်လားမသိ။ စပ်စု။ ပြီးရင် ဟိုနေရာဆရာလုပ် ဒီနေရာဆရာလုပ်နဲ့။ ဒီကြားထဲ ကျွန်တော့်တုန်းက ဘယ်လို၊ ကျွန်မတုန်းက ဘယ်နှယ့်ဆိုပြီး သူတို့အတွေ့အကြုံတွေကို သူတို့ဟာသူတို့ ဒိုင်လျှိုလေးဂုဏ်ယူပြီး အလကားမတ်တင်းတွေ မျှဝေသေးတာ။ အထူးသဖြင့် အဲ့ဒီလို လူတွေကို အလှူတို့ မင်္ဂလာဆောင်တို့မှာ အများဆုံးတွေ့ရတယ်လေ။

လူမှုရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ သူများအကြောင်းတွေကို တောင်စဥ်ရေမရလျှောက်မေး။ ပြီးရင် သူတို့ဆီမှာ ရှိတဲ့ တခြားသူတွေရဲ့ Info တွေနဲ့ ဖလှယ်။ တနည်းအားဖြင့် အလွယ်ပြောရင် အတင်းတုတ်တယ်ပေါ့ဗျာ။ အခုကို ကျုပ်မှာ အဲဒီ့လူတွေနဲ့ မျက်နှာချင်းဆိုင်နေရတယ်လေ။ အစောကတည်းက ဒီလို လူတွေနဲ့ မတွေ့ချင်လို့ကို တတ်နိုင်ရင် ဒီလိုပွဲတွေကို ရှောင်တယ်။ အဲဒါကို တဲ့တဲ့တိုးတာ။ တဲ့တဲ့တိုးဆို ရှောင်လို့လည်းမရဘူးလေ။

ကျုပ်ရဲ့ လင်တော်မောင် ဘိုးတော်ကြီးရဲ့ ညီမအငယ်ဆုံးရဲ့ စေ့စပ်ပွဲလေဗျာ။ စေ့စပ်တာဆိုပေမယ့် မင်္ဂလာဆောင်တာနဲ့ သိပ်မခြားဘူးဗျ။ မင်္ဂလာအခမ်းမကြီးငှား၊ MC တွေငှားပြီး တင့်တောင်းတင့်တယ် စေ့စပ်တာတဲ့။ အင်းပေါ့လေ။ သူ့ဘဝ သူ့စိတ်တိုင်းကျမဟုတ်လား။ ဒါပေမယ့် ကျုပ်ရှေ့က ဘွားတော်‌ပေါက်စတစ်သိုက်ကတော့ မဟုတ်ဘူးဗျ။ သူများ စေ့စပ်ပွဲမှာလည်း လာစားသေးတယ်။ သူများစေ့စပ်ပွဲကို ဝေဖန်နေတာ။

"ကျွန်မသမီးအလှည့်တုန်းက ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပြီး လူတွေကို ကျွေးမယ့်အစား လှူလိုက်တယ်လေ။"

"သာဓုပါရှင်။ သာဓုပါ။ သာဓုပါ။"

"ဟုတ်ပါ့။ အမှန်ဆို လှူလိုက်ရင် ကုသိုလ်တောင်ရဦးမယ်။"

"ဟုတ်တယ် အစ်မရယ်။ တကယ်ဆို သံသရာပါအောင် အခုကတည်းက မျိုးစေ့ချရမှာ။"

စိတၱဇ၏ အပိုင္းအစမ်ား || စိတ္တဇ၏ အပိုင်းအစများWhere stories live. Discover now