(1) ဆောင်းရိုင်း

5.1K 411 78
                                    

Warning ⚠️ Sexual contents (18+)

မီးရောင်အောက်မှာ ကသူက၊ အမှောင်ထဲမှာ ကဲသူကဲနဲ့ တချို့ကျတော့လည်းအပေါင်းအသင်းတွေနဲ့ ပြိုင်သောက်လိုသောက်နဲ့ ဒီကလပ်ကြီးက နတ်ဘုံနတ်နန်းကြီးလိုဖြစ်လို့။ ကောင်းပါလေရဲ့။ ကျုပ်တောင် တစ်ယောက်တည်းသောက်ရင်းက အဲ့ဒီလူတွေကို ကြည့်ပြီး ပျော်လာတယ်ဗျ။

ကျုပ်ဆိုလို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးရဦးမယ်။ ကျုပ်နာမည် ဆောင်းရိုင်း။ ကျုပ်အမေက ကျုပ်ကို ဆောင်းတွင်းတချိန်မှာ မွေးဖွားခဲ့လို့ပေးခဲ့တာ။ ကျုပ်မှာ ဘီလူးတစ်ကောင်လို ကြမ်းတဲ့ အစ်ကိုကြီးရယ် နတ်ဆိုးတစ်ကောင်လို ဆိုးတဲ့ ညီတစ်ယောက်ရယ် ရှိတယ်ဗျ။ သူတို့နာမည်တွေတော့ မသိချင်ပါနဲ့။ ကျုပ်ရဲ့ ချောပေ့လှပေ့ဆိုတဲ့ ရုပ်ရည်လောက်မှ အရေးမပါတာ။

တကယ်ပြောတာဗျ။ ကျုပ်က ညီအစ်ကို သုံးယောက်ထဲမှာ အချောဆုံး။ မျက်လုံးက ဝိုင်းဝိုင်ရှည်ရှည်လေး၊ မျက်ဆံက ညိုဖျော့ဖျော့နဲ့။ မျက်ခုံးလေးက ပါးပေမယ့် သေချာပုံဖော်ထားသလို ထင်းပြီတန်းနေတာ။ နှာတံဆိုတာ ကိုရိုးယားမင်းသားတွေ နှာတံလှတယ်ဆိုတာလောက် ကျုပ်သနားတယ်။ ကျုပ်နှာတံက ဖြောင့်ပြီး မြင့်ရုံမဟုတ်ဘူး မျက်ခုံကလည်း အချိုးချိုးကျကျလေး မောက်တယ်ဗျ။ နှုတ်ခမ်းတွေက နီနီထွေးထွေး ဖူးဖူးအိအိနဲ့ ခင်ဗျားတို့ မြင်ရင် မပြစ်မှားပဲ မနေဘူး။ စိတ်ချ။ အရပ်အမောင်းက ၆ ပေတန်းဝင် ကွက်တိ။ ပုခုံးကျယ်ကျယ် ရင်အုပ်ကားကား။ 6 packs လား။ အဟက်... မရှိနေမလားဗျာ။ ကျုပ်က ဗိုက်သားတင် လှတာမဟုတ်ဘူး။ တင်လည်းလှတော့ Style pant ဝတ်ရင် ဘာပြောကောင်းမလဲ။ အကြည့်ခံ သတ္တဝါပေါ့။

ကဲပါလေ။ နေပါဦး။ ကျုပ်ရဲ့ Physical apperence တွေအကြောင်း ဘာကျန်သေးလဲ??? တခုခု ကျန်သေးသလိုပဲ??? ဪ... အသက်! ကျုပ်က ၂၆ ရှိပြီဗျ။ လူပြိုကြီး... ဟုတ်တယ်။ ရရစ်နဲ့ ပြိုတဲ့ လူပြိုကြီး။ ပြိုဆို ကျုပ်က အစားအသောက်သိပ်မရွေးဘူးဗျ။ ကျားကျားမမ မရွေးသလို အပေါ်အောက်လည်း ရှောင်မနေဘူး။ အားလုံးကို အဆင်ပြေချောမွေ့အောင် စွမ်းဆောင်နိုင်တယ်လေ။ ဘယ်သူ့ဆီကမှ ဘာညာဆိုပြီး စောဒကတက်တာ မကြားရသေးဘူး။ ဒီတော့ အားလုံးက ကျေနပ်တယ်လို့ပဲ သတ်မှတ်ထားတယ်။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now