(6) Dinner

2K 284 93
                                    

တနေ့က မင်္ဂလာဆောင်အကြောင်းပြောပြီးသွားပြီဆိုတော့ ဒီနေ့ Dinner အကြောင်းပြောပြရဦးမယ်။ စိတ်မပူနဲ့။ Dinner က မင်္ဂလာဆောင်လောက် အိုးနင်းခွက်နင်းမဖြစ်လိုက်ဘူး။ ဒီတော့ ပျော်စရာတော့ သိပ်မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် နားထောင်ချင်တဲ့ လူတွေရှိတော့ ပြောပါ့မယ့်။ ကျုပ်က ရုပ်ချောသလောက် ဈေးလည်း မကိုင်တတ်ပါဘူး။

မင်္ဂလာဆောင်က ဟိုလုပ်ဒီလုပ်နဲ့ အားလုံးသိမ်းဆည်းပြီးတဲ့အခါလည်းကြရော ညနေ ၄ နာရီထိုးပါလေရော။  ဗိုက်ကလည်း ဆာလိုက်တာ သေမလိုပဲ။ တကယ်ပြောတာ။ အဲ့ဒီအချိန် အနုမြူဗုံးမျိုချရင်တောင် တန်းပြီး ချီးဖြစ်မှာ။

ကိုယ်မင်္ဂလာဆောင် ကိုယ်ဘာလို့မစားလဲ ဟုတ်လား? စားရအောင် ဧည့်သည်ပေါင်း သောင်းခြောက်ထောင်ကို ပတ်ပြီး သွားဖြီးပြနေရတာကိုး။ ဒီတော့ စားမယ်ကြံလိုက် စင်အောက်ကိုဆင်း ဧည့်ပရိသတ်ကို  ဧည့်ခံနေမှတော့ ဘာမှ ဗိုက်ထဲမဝင်ဘူး။ ဟိုလူကြီးကတော့ စိတ်ချရသလားမမေးနဲ့။ လှစ်ခနဲပျောက်ပျောက်သွားပြီး စင်ပေါ်မှာ ထားတဲ့မုန့်တွေ သွားသွားအုပ်နေတာ။ ကျုပ်တောင် မခေါ်ဘူး။ ကျုပ်ခမြာ မင်္ဂလာပွဲလည်းပြီးရောဗိုက်ဟောင်းနဲ့။

အဲ့ဒါနဲ့ Dinner ပွဲ မသွားခင် တခုခုတော့ စားမှရမယ်ဆိုပြီး ခေါက်ဆွဲကြော်တစ်ပွဲမှာလိုက်ရော။ မဟုတ်ရင် ဟိုလူကြီးကို လမ်းမှာ အစိမ်းလိုက်မျိုချမိနိုင်တယ်။ အဲ့ဒီလောက်ကို ဆာနေတာ။ ဖြစ်ချင်တော့ ခေါက်ဆွဲလုပ်ဖို့ ဂျုံစိုက်ထားတဲ့မြေက အစိုးရအိမ်ရာစီမံများမိသွားသလားမသိဘူး။ ဆုံးဆုံးကို မြှုပ်ပြီး ပေါ်ကိုမလာတော့တာ။ နောက်ဆုံး ဆက်စောင့်ရင်းက စိတ်မရှည်တော့တာနဲ့ စားပွဲထိုးလေးခေါ်ပြီးမေးလိုက်တော့မှ ကျုပ်ရဲ့ မင်္ဂလာမဦးရသေးတဲ့ ပူပူနွေးနွေး ခင်ပွန်းကြီးကို ပေးလိုက်တယ်တဲ့ဗျာ။ ဒင်းက စားပစ်လိုက်မှာပေါ့။ ဒါကြောင့် ကျုပ်ဆီကို ရောက်မလာတာ။ ကောင်းရော။ အဲ့ဒါနဲ့ ဟိုလူကြီးကို မေးကြည့်တော့ ထင်တဲ့အတိုင်းပဲ....

"အေးလေ ချာတိတ်။ ငါ့အတွက် မှာပေးတယ်မှတ်ပြီး စားပစ်လိုက်တာပေါ့။ ကဲ.... ကဲ..., အဝတ်လဲတော့။ Dinner ချိန်နီးပြီ။ သွားကြစို့။"

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now