(၁၈) Day 11

1.2K 242 23
                                    

ဟဲလို....
မတွေ့တာကြာပြီနော်။ နေကောင်းကြတယ်မဟုတ်။

ကျုပ်မှာတော့ ဟိုလူကြီးကြောင့် သွေးတက်နေတယ်။ ဖြစ်ပုံက ဘယ်ကစလဲဆိုတာပြောပြမယ်။

ဟိုလူကြီးက မနက်စောစောစီးစီး လက်လာကုပ်တယ်။ ဒင်းက မနေ့ကတည်းက အိမ်က တစ်ဖဝါးမှ မခွါဘူးလေ။ ကျုပ် စကားမပြောတာကို အခွင့်ကောင်းယူပြီး ညကလည်း မပြန်ဘူး။ အိမ်ရှေ့က ဆိုဖာရှည်ကြီးပေါ်မှာ အိပ်လေရဲ့။ ပြီးတော့ မနက် ၈ နာရီလောက်ကြီး လာနိုးတယ်။ ကျုပ်လား? ဘယ်ထမလဲ။ ပေကပ်ပြီးအိပ်နေတာပေါ့။ ဒင်းကလည်း မရဘူး။ ဇွတ်ကြီး။ ဆက်ပြီးတို့နေတယ်။ ပြီးတော့ ပြောသေး။

"ချာတိတ် မင်းေ-ာက်ပျင်းထူရင် ငတ်ပြီမှတ်"

ဒီတော့ ကျုပ်မှာ ဘာလဲပေါ့။ ကပြာကယာထကြည့်တော့....

"တော်သေးဟ။ ထလို့။ ငါနှယ့် ခွေးစာဖြစ်တော့မလားလို့။ မနက်စာ ခေါက်ဆွဲပြုတ်ထားတယ် လာစား"

"အိုက်ရား...! ဘိုးတော်... ခင်ဗျားဗျာ။ ဘာများ ကျွေးမလို့လဲလို့။ ခေါက်ဆွဲများ မစားဘူးတာကျလို့။"

ကျုပ်က ဒင်းထွက်သွားပါစေတော့ရယ်လို့ ဘုတောလိုက်ပါတယ်။ ကျေးဇူးရှင်က ပိုပွားပါလေရော။

"မင်း ခေါက်ဆွဲပဲစားဖူးတာ ငါသိတယ်။ မင်းတစ်အိမ်လုံး ခေါက်ဆွဲချည်းပဲဟာ။ အခုလည်း ခေါက်ဆွဲပဲစားရမှာ။ တခြား ဘာမှမျှော်ကိုးမနေ့နဲ့။ ကဲ... ထ.။ စားစရာရှိတာ လာစား။ ပြီးရင် ဈေးသွားမယ်။"

"ဟမ်..! ဘာလို့ သွားမှာလဲ။ ခေါက်ဆွဲတွေ ရှိသေးတာကို။"

"အဲ့ဒီ့ ခေါက်ဆွဲတွေချည်းပဲရှိလို့သွားမှာ။ မင်း အဲ့ဒါတွေချည်းပဲစားနေလို့ရမလား။"

"ဘာလို့မရရမှာလဲ? ရတာပေါ့။"

ဟုတ်တယ်လေ။ ခေါက်ဆွဲထုတ်တွေပေါ်မှာ ကွန်ကရစ်လောင်းပြီး ကတ္တရာခင်းထားတာမှ မဟုတ်ကို။ နောက်ပြီး ကျုပ်ဝယ်ထားတာ အစုံပဲ။ အရည်သောက်ပျင်းသွားရင် ဆီချက်။ ယမ်ယမ်ဘဲသားလား? ဒါမဟုတ် စားရင် မီးဖိုမျိုချထားသလိုပူပြီး အိမ်သာတက်ရင် ဒုံးကျည်လွှတ်သလို Feeling မျိုးပေးမယ့် ရူးရှဲခေါက်ဆွဲလား? အဲ့ဒါမှာ မဟုတ်ရင် ကိုရီးယား ပဲခေါက်ဆွဲ စိမ့်စိမ့်လေးလည်းရှိတယ်။ အဲဒါလည်း မစားချင်ရင် စင်္ကာပူက လာတဲ့ Laksa ဆိုတာရှိတယ်။ သူက အုန်းနို့ခေါက်ဆွဲအရသာနဲ့ တော်တော်ကြီးတူတယ်။ ဒီတော့ ဘယ်ကလာပြီး ရိုးရမှာတုန်း။ ခေါက်ဆွဲတွေချည်းမို့ လူ့သဘောသဘာဝ အပြောင်းအလဲလေး စားချင်ရင် ရှင်းရှင်းကြာဇံကလည်းအသင့်။ ကဲ... ဘာပြောကြမလဲ။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now