(၂၁) ချက်ပြုတ်ခြင်း အနုပညာ

1.2K 225 32
                                    


စိတ်ပျက်စရာကောင်းတဲ့အကြောင်းတွေ ပြောရဦးမယ်။ ဘယ်နှယ့်ဗျာ ဆေးရုံကလည်း ဆင်းရော ဆောင်းရိုင်းတို့ လုပ်ငန်းခွင်ထဲ တန်းဝင်ပဲ။ Honeymoon ဆိုတာ ဘာမှန်းကို မသိလိုက်ဘူး။ တဖက်ကတွေးကြည့်ပြန်တော့လည်း ဒီလိုပြီးသွားတာပဲ ခပ်ကောင်းကောင်းရယ်။ ကျုပ်ရဲ့ Honeymoon က ဒုတိကကမ္ဘာစစ်တုန်းက သူလျိုတွေလို စွန့်စားခန်းတွေနဲ့ ပြည့်နေတာ ခင်ဗျားလေးတို့လည်းသိသားပဲ။ မဟုတ်ရင် ကျုပ်ခမြာ ဂျပန်တပ်က ဖမ်းမိတာထက် အဖြစ်ဆိုးနိုင်တယ်။ နောက်ထပ်ကောင်းတဲ့အချက်က သူများတွေလို Honeymoon ကနေ ပြန်လာရင် လွမ်းဖျားလွမ်းနာကျနေတဲ့ ဖားခုန်ညှင်းလို ငေါင်စင်းစင်းတော့ မဖြစ်ဘူးပေါ့ဗျာ။ သို့ပေမယ့် ကျုပ် ရှေ့က နှစ်ပေနီးနီးမြင့်တဲ့ report  အပုံကြီးကတော့ မမိုက်ဘူးဗျ။

"ကိုကိုကို ဘာကိစ္စ ဒီ report တွေက ဒီလောက်များနေတာတုန်း။"

ကိုကိုကို ဆိုတာ ကျွန်တော့် PA လေ။ နာမည်က ဩဘာကိုကိုတဲ့။ သူ့နာမည် အပြည့်အစုံသာခေါ်ရရင် ကျုပ် အသက်ထွက်ဖို့ပဲ။ ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လူလည်းသက်သာ waste management လည်း လုပ်တဲ့အနေနဲ့ "ကိုကို" ဆိုတာကို ရှေ့က "ကို" တပ်ခေါ်တာလေ။

"ဥက္ကဌက အရေးမကြီးတဲ့ကိစ္စတွေဆို Boss Honeymoon က ပြန်လာရင် လုပ်ပါစေပြောလို့ပါ။"

ဒါ ကျုပ်အဖေ ကျုပ်ကို သက်သက်ပညာပြတာ။ သားအဖချင်းဗျာ။ ကျုပ် မရှိတုန်း ကိုယ်စားလုပ်ပေးလိုက်တော့ ဘာဖြစ်မှာကျလို့။ ပြောပြန်ရင်လည်း ကလေးဆန်တယ်၊ ကပ်တွက်တယ်ဖြစ်ဦးမယ်။ ကျုပ်မှာ သူ ပေးစားတဲ့ ယောက်ျားလည်း ယူရသေးတယ်။

"ကုမ္ပဏီကြီးတစ်ခုလုပ်ပြီး အရေးမကြီးတဲ့ကိစ္စ ဒီလောက်များလားဟ။ အရေးမပါတွေက စပြီး ငါက ဆုံးဖြတ်ပေးရမှာလား။ မဟုတ်တာတွေ။ အစည်းအဝေး‌ခေါ်စမ်း။"

မှတ်ထား။ ဆောင်းရိုင်းကို ဒီလို ပုံချလို့ရရိုးလား။ အစည်းအဝေးခေါ်ပြီး ရှိရှိသမျှ report ထဲကကိစ္စ မှန်သမျှ တစ်ယောက်တစ်မျိုးရှင်းခိုင်းလိုက်တာပေါ့။ ရုံးဆင်းချိန်လည်းကျရော အဲ့ဒီ့အပုံကြီးက အစအနမကျန်အောင် ရှင်းသွားရော။ ကျုပ်က ပေါ့ပေါ့ပါးပါး အိမ်ပြန်ရုံပဲ။ I'm cool, am I?

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now