(၁၇) Day 10

1.7K 256 126
                                    

ဒီနေ့လည်း အိပ်ရာက စောစော ထရပြန်ရော။ ဘာလဲ? ဟုတ်လား? ဟို နေ့နံမကိုက်တဲ့ ဗေဒင်ရူးလက်ချက်လေ။ အဲ.... သူချည်းပဲလည်း မဟုတ်ဘူး။ ဟိုလောကပါလတရားကို ပိုက်ဆံနဲ့ အပေါက်ဖောက်နေတဲ့ ဗေဒင်ဆရာဦးဦးလည်းပါတယ်။

ဘယ်နှယ့်ဗျာ။ ယတြာချေခိုင်းတာ မနက် ၆ နာရီကြီး။ သူများတွေ နှစ်နှစ်ချိုက်ချိုက်အိပ်နေတာ ကျုပ်က ထပြီး ဟိုဘိုးတော်အတွက် ယတြာချေရမယ်တဲ့။ အရပ်ကတို့ရေ... ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။ နောက်ပြီး အိမ်မှာလည်း မဟုတ်ဘူး။ ဆိပ်ကမ်းမှာ။ နေထွက်ထွက်ခြင်းမှာ နေဘက်မျက်နှာမှုပြီး အုန်းသီးသက်စေ့ကို ရေထဲကစ်ရမယ်တဲ့။ ဒီအတိုင်းပစ်ရမှာ မဟုတ်ဘူးနော်။ ပါးစပ်ကလည်း "ဥုံ ဘာညာသာရကာ ကိစိကွစ"ရွတ်ရဦးမှာ။

ဟိုကောင်ကတော့ ဝိရီယရှိပုံများ မနက် ၅ နာရီတောင်မထိုးသေးဘူး။ လိုတဲ့ပစ္စည်းပစ္စယတွေနဲ့ ကျုပ်အခန်းရှေ့ရောက်နေပြီ။ ပြီးတော့ လူခေါ်ခေါင်းလောင်းကို ကျွမ်းမတတ်တီးနေလေရဲ့။ အစကတော့ ဖွင့်မပေးဘူးနေတာပဲ။ ဒါပေမယ့် ကျေးဇူးရှင်က တံခါးကို ဝုန်းဒိုင်းကျဲအောင်ထုနေလို့ ထဖွင့်ပေးလိုက်ရတယ်။ မဟုတ်လို့ ဘေးခန်းတွေက Complain တက်ရင် ရုံးခန်းက ငနဲနဲ့ ရှင်းနေရဦး။

ကျုပ်က အဲ့ဒီ့ ရုံးခန်းက အော်လီဘဲကို သိပ်ကြည့်
ရတာမဟုတ်ဘူး။ ဘယ်နှယ့် တောင့်တောင့်ဖြောင့်ဖြောင့် ဘဲဆို အအိုတွေ၊ တစ်ပတ်ရစ်တောင် မရှောင်ပဲ ကြာပစ်နေတာ။ တနေ့ကလည်း... အင်း... ဘိုးတော်နဲ့ ဘုရားမသွားခင်နေ့ကလေ။ ဘိုးတော်ဆံပင် ဆေးတွေပေလို့ ဆံပင်ညှပ်ပြီးအပြန် ကားပါကင်မှာ ဒင်းနဲ့တွေ့တော့ နှုတ်ဆက်ပြီး နှစ်ယောက်သား စကားတွေဖောင်ဖွဲ့နေတာ။

အဲ့ဒီ့ ငနဲက ကျုပ်ဆိုရင်သာ မင်းတွေ ငါတွေနဲ့။ ဟိုဘိုးတော်ကျတော့ "အစ်ကို"တွေ "ညီ"တွေနဲ့ ချိုနေတာ သကြားတစ်ပိဿာရယ်ရယ်၊ ထန်းလျက်တစ်ပိဿာရယ်ရယ်၊ ကြံသကာက ငါးဆယ်သားရယ်၊ပျားရည်နှစ်ဂါလံရယ်၊ ဆေးသကြားတစ်ပိဿာရယ် ရောမွှေပြီး သုံးခွက်တစ်ဇွန်းတင် ကျိုရင်တောင် သူ့လောက်မချိုဘူး။ ကျုပ်သာ မပြောရင် ဒင်းတို့ အဲ့ဒီ့မှာပဲ ညောင်စေးကျပြီး ခွါရပါ့မလားမသိဘူး။ အဲ... ကျုပ် အဲ့ဒီလိုပြောလို့ အူတိုနေတာမဟုတ်ဘူးနော်။ ဟိုငနဲက အမြင်ကပ်စရာကောင်းပုံကို ပြောပြတာ။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now