(2) စေ့စပ်မကြောင်းလမ်းမှီ....

3.3K 344 16
                                    

စကားမစပ်... ကျုပ်တို့ မင်္ဂလာဆောင်အကြောင်းပြောပြရဦးမယ်။

ခင်ဗျားတို့မြင်ဖူးလိမ့်မယ်.... ရှပ်ရှင်တွေ၊ ဝတ္တုတွေ၊ Social media တွေထဲမှာ မင်္ဂလာဆောင်တော့မယ်ဆို မင်္ဂလာစုံတွဲကလေ အမယ်လေး ပျော်လို့ပြုံးလို့။ တစ်ယောက်လက်ကို တစ်ယောက်တွဲ၊ တစ်ယောက်ခါးတစ်ယောက်ဖက် မင်္ဂလာ ဝတ်စုံကို အတူရွေး၊ မင်္ဂလာလက်စွပ်လေးတွေကို ကယုကယင်နဲ့ အတူဝယ်။ Wedding Themes က ဘယ်လိုဘယ်ပုံဆိုတာက အစအသေးစိတ် နှစ်ဦးသားတိုင်ပင်။ အားလုံးက အဆင်ပြေချောမွေ့။  နှစ်ဦးနှစ်ဖက်မိဘတွေကလည်း တပြုံးပြုံး။

သူများတွေကတော့ ကိုယ်ချစ်တဲ့လူနဲ့ လက်တွဲရလို့ ပျော်တယ်ဆိုရင်တော့ မသိဘူး။ ကျုပ်အတွေ့အကြုံပြောရရင်.... အဲ့ဒါတွေအကုန်ဂျင်းဗျ။ ဂျင်းမှ အမိအဖမျိုးရိုးစဉ်ဆက် ဂျင်းအချင်းချင်းတောင် ဂျင်းပြန်ထည့်တဲ့ ဂျင်း။

ခင်ဗျားတို့ကို ကျုပ်မေးမယ်။ ဟိုးရှေးက လူတွေ တစ်သက်မှာ တစ်မင်္ဂလာပဲ ဘာလို့ ဆောင်လဲသိလား။ေ-ာက်လုပ်ရှုပ်လို့။ တကယ်ပြောတာေ-ာက်လုပ်တွေ ရှုပ်တာ ရှုပ်တာ... လူဆိုတာ ဟိုလူကြီးကို ငတ်ကြီးကျပြီး ကားတင်ပြေးမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ နားရင်းဖြတ်အုပ်ချင်လာတာ။ တကယ်.... ဘာစိတ်ကူးပေါက်သွားတာလည်းမသိဘူး။ ချစ်လားဆိုတော့..... အင်း......................... ဟင့်အင်း မချစ်ပါဘူးဗျာ။ ဒါပေမယ့် ဟိုလူကြီးက သူ့မှာ ရည်ရွယ်ထားတဲ့ ဇနီးလောင်းရှိလို့လည်းကြားရော စိတ်ထဲ... ဘယ်လိုပြောမလဲ? မသိဘူးဗျာ။ အဲဒီ ခံစားချက်ကြီးကို မပြောတတ်ဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ် "ဒီလူကြီးကို ဟိုမိန်းမက နဖားကြိုးမထိုးခင် ငါစားမယ်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကားတင်ပြေးတာဗျ။ ကျုပ်က အမဲသားမစားဘူးလေ။ ညှီလို့။ ချစ်လို့မဟုတ်ဘူး။ တကယ် တကယ် တကယ့်ကို မချစ်တာ။

နေပါဦး။ ဟိုလူကြီးအကြောင်းပြောနေတာနဲ့ စကားကဘယ်ရောက်သွားလဲ မသိဘူး။ Wedding...  Wedding... အဲ Wedding မတိုင်ခင် နှစ်ဖက်မိဘတွေ တွေ့တာကို ပြောပြရဦးမယ်။

သိတဲ့အတိုင်း ကျုပ်တို့နှစ်ယောက်က အထီး၊အထီးချင်းဆိုတော့ ဘယ်သူက ဘယ်သူ့ကို တောင်းလို့တောင်းရမှန်း မသိဘူး။ ဒါပေမယ့် အဖေက.....

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now