(၁၀) Day 3

1.7K 228 47
                                    

ဒီနေ့ ဘာအကြောင်းပြောရရင် ကောင်းမလဲ စဉ်းစားနေတာ။ ဟိုတစ်ပတ်က ယောက္ခမကြီးအကြောင်းပြောပြီးတော့ ဒီတပတ် ကျုပ် ယောက္ခထီးအကြောင်းပြောမယ်ဗျာ။ ဒါမှ မျှမျှတတဖြစ်အောင်လို့။

ကျုပ် ယောက္ခမကြီးနဲ့ ဘုန်းကြီးကျောင်းလိုက်သွားပြီး နောက်တနေ့ပေါ့။ ကျုပ်ရဲ့ ဘော်ဒါဘော်ဂျွတ်တစ်ယောက်က ဖုန်းဆက်ပြီး သူ့စော်မွေးနေမို့ အပေါင်းအသင်းတွေကို မီးခိုးတိတ် ပူဇော်ပသမယ်ဆိုပဲ။ ဒါကြောင့် ကလပ်လာမလားတဲ့။ ကျုပ်ကလည်း နှစ်ခါပြန်စဉ်းစားမနေပါဘူး။ အင်းပေါ့။

စကားကြုံလို့ပြောရရင်  အဲ့ဒီ့နှစ်ယောက်ကို ကျုပ်ပဲ ဆွဲစိပေးထားတာလေ။ ကျုပ်ဘော်ဒါလုပ်ပြီး  အဖြစ်ကိုမရှိတာ။ ဒင်း သူ့စော်ကိုလိုက်ပုံပြောပြရင်... တကယ်လိုက်တာနော်။ အသေအကြေလိုက်တာ။ ကောင်မလေး သွားလေရာမှန်သမျှ နောက်ကနေကောက်ကောက်ပါအောင်လိုက်တာ။ အိမ်သာဝတောင် မရှောင်ဘူး။ သွားပြောဆိုတော့လည်း မပြောဘူး။

"ငါက သူ့ဖြစ်တည်နေတာလေးမြင်နေရရင်ပဲ ငါ့အတွက်လုံလောက်ပါပြီကွာ။ ငါ့ အချစ်ကသူ့ကို ဖြူဖြူစင်စင်လေးချစ်သွားချင်တာ။ RS တွေဖြစ်ဖို့မလိုပါဘူး။" တဲ့။

ေ-ာက်ရူးလား။ တဖက်သတ်ကြီး ဇာတ်နာနေတယ်။ ထဆဲလိုက်ရင် သူအပါအဝင် သူ့တမျိုးလုံးနဲ့ ကျုပ်နဲ့ ညားကုန်မှာ။ တကယ့်ကို စိတ်ပျက်စရာကြီးဆို။ အီသီယိုးပီးယားက အငတ်ဘေးဆိုက်နေတဲ့ ခွေးအလို သွားရေတမြမြနဲ့ ကောင်မလေးနောက်ကို မြင်မကောင်းရှု့မကောင်းအောင်လိုက်နေပြီး ဖြူဖြူစင်စင်တွေ ဘာတွေ လာလုပ်နေတယ်။ My ass! ချီးစားပြပြီး ချီးသစ္စာဆိုရင်တောင် ချီးထုပ်ကောင်မို့ကို ယုံကို မယုံဘူး။

တကယ်ကတော့ ဘာမှမဟုတ်ဘူး ပြောလိုက်ရင် ဟိုက ငြင်းမှာကြောက်လို့။ ဟိုက ဒီလောက်ကြီးအထာတွေပေးနေတာ ငြင်းမှာမို့လားဗျာ။ ဟုတ်တယ်လေ။ ခင်ဗျားလေးတို့ပဲ စဉ်းစားကြည့် အိပ်ရာထလို့ အိမ်က ထွက်ကတည်း တောက်လျှောက် Stalk နေတဲ့လူကို ရဲမတိုင်တာ သဘောကျတာမဟုတ်လို့ ဘာတုန်း။ ကြာတော့ အဲ့ဒီ့လဒလုပ်နေတာတွေကို ကြည့်ပြီး ကျုပ်မှာ အသဲယားလွန်းလို့ ရဲတိုင်ချင် စိတ်တွေပေါက်လာတယ်။ အဲဒီကောင်ကို ရဲဖမ်းမှ ရပ်သွားမှာကိုး။ ဒါပေမယ့် ကျုပ်အဲ့ဒီ့လောက်မရက်စက်ပါဘူး။ ကျုပ်က ရုပ်ကလေးလှသလောက် သဘောဖြူသူလေးပါ။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now