(၁၄) Week 1

1.5K 250 68
                                    

မပြောချင်ပေမယ့် ပြောရဦးမယ်။ တချို့တွေများ ဟိုပါဒီပါနဲ့။ ကြားသုံးကြားဝင်။ ပြီးရင် အပြောကလည်း မတတ်သေးဘူး။

မနက်စောစောစီးစီး ၁၁ နာရီလောက်ကြီး ဟိုဘိုးတော်ရဲ့ ညီမဆီက ဖုန်းဝင်လာပါလေရော။ ကျုပ်ခမြာတညလုံးသောက်ထားတာဆိုတော့ အမူးက သိပ်မပြေသေးဘူး။ ဝေ့.... ခင်ဗျားလေးတို့... အတင်းတွေချမနေနဲ့။ ကျုပ်အရက်သောက်တာ စိတ်ညစ်လို့၊ အသဲကွဲလို့ အရက်နဲ့ စိမ်တာ မဟုတ်ဘူး။ အဲ့ဒါက လူညံ့တွေပဲလုပ်တာ။ ကျုပ်က အပျင်းပြေအောင် အရက်နဲ့ အဖော်ပြုတာ။ မတူဘူးနော်။ သိထားဖို့။ တခုပဲရှိတယ်။ အရမ်းရမ်းပျင်းလို့ လူမှန်းသူမှန်းမသိအောင် သောက်မိတာလေးတခုပဲ။

အဲ့ဒါတွေ ထားပါလေ။ ဖုန်းလာတယ်ဆိုတော့ ကျုပ်ကလည်း ဘာရယ်မဟုတ်ဘူး ရူးကြောင်မူးကြောင်နဲ့ ဖုန်းကိုင်လိုက်မိတယ်။ "ဟဲလို" လို့ ထူးရုံလေးရှိသေးတယ် မမဖုရားက သူ့အသံဆိုးဆိုးကြီးနဲ့ Talkie စပါလေရော။

"ဟဲလို ဆောင်းရိုင်း... ငါ နဒီထိပ်။ အင်း.... နင်နဲ့ ငါ့အစ်ကို ကွိုင်လို့ဆို။"

ကျုပ် ဘာမှမပြောဘူး။ ငြိမ်နေလိုက်တယ်။ သူ့ အစ်ကိုဘက်က တခုခုပြောတော့မယ်လေ။ မဟုတ်ရင် ဘာကိစ္စဖုန်းဆက်မှာလဲ။ ကျုပ်သိတာပေါ့။ ထင်တဲ့အတိုင်း မမဖုရားက ဆက်ပြောတယ်။

"ငါကြားတာ။ နင် သူ့ရည်စားဟောင်း ဟိုမိန်းမနဲ့ သူနဲ့ တွေ့တာကို တွေ့တယ်လို့ဆို။ အဲ့ဒါ နင် အထင်လွဲတာ။ သိလား။ ငါ့အစ်ကိုက အဲ့ဒီ့မိန်းမကို တွေ့တုန်းတွေ့ခိုက် တောင်းပန်ချင်တာရော ဇယားရှင်းချင်တာရောကြောင့် Lunch ကျွေးတာတဲ့။ ငါ့ကို ပြောပြတယ်။"

"အင်း"

ကျုပ်နည်းနည်းတော့ အင်တင်တင်ရယ်။ အဲ့ဒါကို မနေ့က တွေ့တုန်း ပြောပါလား။ အဲ့ဒါဆို ကျုပ် အခုလို ဘယ်စိတ်တိုမှာတုန်း။ နောက်ပြီး သူကိုယ်တိုင်ရှင်းပြလည်းရနေတဲ့ဟာကို သူ့ညီမက ကြားထဲကနေပြောရတယ်။ အဲဒါဘာအထာလဲ? အနော်ရထာလား။ ပြောချင်ရင် ကိုယ်တိုင်ပြောလေ။ ဖုန်းက ကျုပ်နားအသင့်ရှိနေတာကို။ ဘာရယ်? ယောက်ျားဆီက ဖုန်းမျှော်နေတာလား။ ဟုတ်လား? မမျှော်ပါဘူးဗျာ။ မျှော်စရာလား။ အဲ့ဒီ့လူကြီးက ဆက်ချင်မှ ဆက်မှကို။ ကဲပါ... ထားပါ။ အဲ့ဒီ့အရေးမပါတဲ့ ကိစ္စကို။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now