(၁၆) Day 9

1.4K 235 51
                                    

ကျုပ်လေ အခု ဘယ်ရောက်နေလဲ သိလား။ ဗေဒင်ဆရာရှေ့ရောက်နေတယ်။ ဘယ်လိုဖြစ်လို့ရောက်လဲ?? ဘာဖြစ်ရမလဲ။ စိတ်ပေါက်ပေါက်နဲ့ အရက်သောက် ကောင်းတာလေ။

ကျုပ်မှာ ဘော်ဒါတစ်ယောက်ရှိတယ်။ ဗေဒင် မဟားဒရားယုံတယ်။ ဘယ်လောက်ယုံသလဲဆို... ဗေဒင်ဆရာက ဒီနေ့ အိမ်သာမတက်နဲ့ ကံဆိုးတယ်ဆိုရင် ဝမ်းရှောနေရင်တောင် ဖင်ကို ပြောင်းဖူးရိုးနဲ့ဆြို့ပီး သရိုးကိုင်ထားမယ့် သတ္တဝါ။ အဲ့ဒီ့လိုသာ ယုံတာ လူကဖြင့် နာမည်ပေးထားတာ နေ့နံကို မကိုက်ဘူး။ ဒင်းအမေက ဒင်းကို အင်္ဂါနေ့မှာ ဗိုက်နာပြီး ဗုဒ္ဓဟူးနေ့မှာ မွေးသတဲ့။ ပြီးတော့ ပေးတဲ့နာမည်က ထွဋ်ခေါင်ရဲသူမင်း။ ဘာလို့လဲဟ ဆိုတော့။ စနေသားလို ထက်အောင်လို့တဲ့။ မှတ်သားဖွယ်ရာပါတကား။

ဒါနဲ့ ဆက်ပြောရရင် ညက စိတ်ပေါက်ပေါက်နဲ့ ဘားမှာ အရက်သွားသောက်ရာကနေ ဒင်းနဲ့တွေ့ပါရော။ ဒင်းက ကံဇာတာနိမ့်နေလို့ဆိုပြီး ဗုဒ္ဓဟူးနာမ်ပါတဲ့ နေရာမှာ ဗုဒ္ဓဟူးနာမ်ပါတဲ့ အရာကို မှီဝဲစားသုံးရမယ်တဲ့။ ဒါကြောင့် လပ်စ် အဲဗန်နျူး (Last Avenue) ဆိုတဲ့ Bar မှာ ဝီစကီမှာသောက်နေတာပါတဲ့။ တော်သေးတာပေါ့ တနင်္ဂနွေနာမ်ပါတဲ့အရပ်မှာ တနင်္ဂနွေနာမ်ပါတဲ့အရာကိုမှီဝဲပါဆိုရင် အိမ်သာထဲသွားပြီး အီးစားနေမလားမသိဘူး။

ကြည့်ရတာ ကျုပ်လည်းမူးမူးနဲ့ ပါးစပ်ထဲတွေ့ရာ ရှစ်သိန်းကို ပေါက်ကရ တစ်သိန်းရှစ်သောင်းလောက်နဲ့အတူရောပြောမိတယ်နဲ့တူတယ်။ ကျုပ်လည်း တစ်လုံးမှ မမှတ်မိဘူး။ မနက်လည်းကျရော ကျုပ်ကို မရမက အတင်းကုတင်ပေါ်က ဆွဲချပြီး ကျုပ်ကို ဒီခေါ်လာတော့တာပဲ။ ဘယ်နှယ့်စောစောစီးစီးဗျာ။ အခုမှ မနက် ၁၁ နာရီပဲရှိသေးတာကို.... ။ ဟမ်? ဘာရယ်? ၁၁ နာရီဆိုတာ မွန်းလွဲ ဟုတ်လား? ခင်ဗျားလေးတို့အတွက် ဟုတ်မှာပေါ့။ ကျုပ်အတွက်က သူများတွေ မနက် ၄ နာရီခွဲရင်တောင် ကျုပ်က ည ၁၀ နာရီလို့ထင်နေတာကို။ ဟုတ်ကဲ့။ တနည်းအားဖြင့် ကျုပ်က Greenwish Mean Time (GMT) နဲ့ တပြေးတည်း နေထိုင်တဲ့လူ ခင်ဗျ။

ဒီလိုနဲ့ ဗေဒင်ဆရာဆီရောက်သွားတယ်ပေါ့ဗျာ။ ကျုပ် ဘော်ဒါ ငထွဋ်က ပွဲစားကြီးဆိုတော့ရှေ့ကနေဦးဆောင်ပြီး ရှင်းပြပေါ့။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now