(၁၂) Day 5

1.5K 246 69
                                    

ဒီနေ့တော့ ကျုပ် နည်းနည်း ဒေါင်းနေတယ်။ ဒီတော့ နည်းနည်းချူသံလေးပါမယ်ပေါ့။ အဆင်ပြေလားတော့မသိဘူး။

အားလုံးသိတဲ့အတိုင်း မနေ့က ဟိုလူကြီးကို စိတ်ဆိုးပြီး ကျုပ်ညီဆီမှာ ညအိပ်တယ်လေ။ ကျုပ်ဆိုတာကလည်း တနေ့ထက်တနေ့ ကံတွေကောင်းပုံများ မနက်တောင် မလင်းသေးဘူး ကုတင်ပေါ်က ကုန်ချခံထိတာပဲ။ ဖြစ်ပုံက ဒီလို။

ကျုပ်ညီနေရိုင်းဆီရောက်တဲ့ ညက ခပ်တည်တည်ပဲ။ ကျုပ်ညီရဲ့ ကုတင်ကို အပိုင်စီးပြီး အိပ်တယ်လေ။ အပိုင်စီးတယ်ဆိုမယ့်  တကယ်တော့ အစက အပိုင်းစီးဖို့ ကြံတာမဟုတ်ရပါဘူးဗျာ။ သူ့ကုတင်က နှစ်ယောက်ခွဲအိပ်ခုတင်အကျယ်ကြီးမို့ တဝက်ကို အစ်ကိုပီပီ ငါနဲ့ဆိုင်တယ်ပေါ့။ ဒီတော့ ဒင်းက....

"ကိုဆောင်း... အိမ်ထောင်သည်ပဲဖြစ်နေပြီ စကားကို အရူးချီးပန်းတွေပြောရလား။"

"ဟေ့ကောင်.... မင်းကများ ငါ့ ပြောစရာလား။"

"ဟာ ဟုတ်လေ ။ ကိုဆောင်း ကိုယ့်စကားကိုယ်ပဲတွေးကြည့်ဦး။ ညီအစ်ကိုမို့ ခုတင်တဝက်ဆိုင်ကျစတမ်းဆိုတာ လူပျိုတုန်းကတော့ ဟုတ်တာပေါ့။ အခု ကိုဆောင်းက လင်ကြီးငုတ်တုပ်နဲ့။ အီး... ဆက်မတွေးတာပဲကောင်းမယ်ထင်တယ်။"

လဒလေးက ထုံးအိုးထဲပစ်ချခံရတဲ့ တီကောင်လို တွန့်ပြတက်ပြလာသေးတယ်။ အဲ့ဒါနဲ့ေ-ာက်မြင်ကပ်ပြီး ကုတင်တခုလုံးကို ကျုပ်အပိုင်စီးလိုက်တော့တာပဲ။ ဘယ်လို အပိုင်စီးလဲ? ဟုတ်လား? လွယ်လွယ်လေးလေး။ နှာခေါင်းထဲက နှပ်ချေးကို လက်ညိုးလေးနဲ့ အားရပါးတရနှိုက်ပြီး ဒင်းပါးစပ်ထဲ ထိုးထည့်လိုက်တာပေါ့။ တစ်ခါပဲ လုပ်လိုက်ရတယ်။ ဒင်းက ထွီခနဲထွမ်ခနဲလုပ်ပြီး....

"ကိုဆောင်း! ဘာလုပ်တုန်း... ရွံစရာကြီး! ထွီ! ထွီ!!"

"အစ်ကိုလုပ်တဲ့လူရဲ့ နှပ်ချီးစားရင် ဉာဏ်ကောင်းတယ်ပြောလို့ မင်းအတွက် စေတနာနဲ့... အဟက်... ဟက်..."

"ထွီ! ထွီ! ရွံစရာကြီး! စုတ်ပဲ့လိုက်တာ။ ဒါကြောင့် ကိုဆောင်းရဲ့လင်က နှင်ချလိုက်တာနေမှာ။ တော်ပြီ ဒီမှာ မအိပ်ဘူး။"

အံမယ်... ကျုပ်ကျတော့ စုတ်ပဲ့လိုက်တာတဲ့။ သူ့ Baby ကိုကိုက ကြောင်ကတိုးလို အမွှေးနံ့သာအိတ်ပါတာကျနေတာပဲ။ ဒင်း လင်ရမှ ကြည့်ဦးမယ်။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now