(၈) Day 1

2.1K 281 60
                                    

မပြောချင်ပေမယ့် ပြောရဦးမယ်ဗျာ။ ဘာလို့ မပြောချင်တာလဲ ဆိုတာက စပြောမယ်။ ဒါမှ ကျုပ် ဘာလို့ မပြောချင်တာလဲဆိုတာသိမှာ။

သူများတွေ မင်္ဂလာဦးပြီးရင် အိပ်ရာထနောက်ကျတတ်တယ်တဲ့။ ကြည့်ရတာ မင်္ဂလာပွဲကတစ်မျိုး၊ မင်္ဂလာဦးကတစ်မျိုးနဲ့ ပင်ပန်းကျလို့ထင်တယ်။ ကျုပ်ကတော့ မဟုတ်ပေါင်။ တသက်လုံး Vampire တွေလို မနက်ခင်း အာရုံဦးရောင်ခြည်ဆိုတာ မြင်ရဖို့မပြောနဲ့ ကြားတောင် မကြားဖူးအောင် အိပ်နေနိုင်ခဲ့သမျှ မင်္ဂလာဦးညပြီးလို့ နောက်နေ့မနက်လည်းကျရော မိုးတောင်မလင်းသေးဘူး အိပ်ရာက ထရုံတောင်မဟုတ်ဘူး။ ခွေးပြေးဝက်ပြေးပြေးရပါလေရော။ ဖြစ်ပုံက ကျုပ်တို့ condo ကြီး မီးလောင်တာဗျ!!

ပထမတော့ Fire alarm.မြည်တယ်။ ဂရုမစိုက်ပေါင်။ သူဟာသူ အားအားယားယားမြည်တာ။ ဘိုးတော်က အလူးအလဲထပြီး အိပ်ချင်စုံမွှားနဲ့ လူကို လာဆူသေးတယ်။ နိုးစက်ဒီလောက်မြည်တာ မထလို့တဲ့။ ကျုပ်လို လူက နိုးစက်မလိုတာ သူ မသိရှာဘူး။ ဟုတ်တယ်လေ။ ထချင်တဲ့အချိန်ထတဲ့ လူက နိုးစက်ထားစရာလား။တချို့များဆို နိုးစက်က မြည်တာ ၆ နာရီ။ ထတာ ၉ နာရီမှ။ ၁၀ မိနစ်ခြားတခါ snooze ထနှိပ်တာရှိသေး။ ပင်ပန်းလိုက်တာ။ ထမယ့်အချိန်ပဲ သံပတ်ပေးပြီးနေတာကို စောစောစီးစီးတွေ Alarm ပေး။  Why? Why? Why? အဲ့ဒီလိုလုပ်တော့ သူ့ alarm က သူ့ကို အထင်ကြီးမှာမို့လို့လား? ထားပါ။ အဲ့ဒီ့ alarm ကိစ္စ။ ဆားမဖြူးတော့ပါဘူး။

ဒါနဲ့ သူ သတိဝင်လာတယ်နဲ့တူတယ်။ ထပြီး အိမ်ရှေ့ထွက်သွားတယ်။ သွားပေါ့။ သူ့စိတ်နဲ့ သူ့ကိုယ်။ ကျုပ်ကတော့ ရအောင် ဆက်အိပ်တယ်။ တခါခါ Fire alarm ဆိုတာ Smoke detector ရှေ့မှာ ဦးနှောက်ပိုင်းဆိုင်ရာ ဒုက္ခိတဖြစ်နေတဲ့ေ-ာက်ရူးတစ်ကောင် ဆေးလိပ်သွားသောက်ရင် မြည်တာမျိုး။

ပြောရရင်။ ကျုပ်တို့ မင်္ဂလာဦးအတွက် လက်ဖွဲ့ရတဲ့ condo က American standard နဲ့ ခပ်ပိန်းပိန်းဆောက်ထားတာလေ။ ဘာလို့ ပိန်းလဲ? ပြောပြမယ်။ America က လူတွေ... အထူးသဖြင့် America မှာမွေးပြီး America မှာ ကြီးတဲ့ လူတွေက kitchen ဆိုတာ လှလှကြွကြွလေးသုံးတာ။ တခြားကြောင့်မဟုတ်ဘူး။ အလုပ်လုပ်ရလွန်းလို့ ချက်ချိန်မရှိလို့ မချက်ဘူး။ ဒီကြောင့် လွယ်လွယ်ရတဲ့ Ready-made တွေ၊ Takeout (ချိုင့်ဆွဲ) စားပြီး မီးခိုးတိတ် ရှင်သန်နေကြတာ။ တစ်ယောက်တည်းသမားဆို အဲ့ဒီလို အပြင်မှာစားတာက ပိုတွက်ချေကိုက်တာလည်းပါတာပေါ့။ ကျုပ်တို့ အာရှသားတွေကျတော့ မီးဖိုဆိုတာ မီးတောင်လို မနက်ကနေည ပွက်ပွက်ဆူအောင်ချက်တာ။ မီးဖိုဆိုတာလေ စကားပြောတတ်ရင် ငိုချင်းချပြီး မလုပ်ပါနဲ့တော့ဆိုပြီး ထိုင်ကန်တော့လောက်တယ်။ ကြော်လှော်ဆီသတ်ဆိုတာ ဟင်းတိုင်းလိုလိုရဲ့ ချက်ပြုတ်မှု ဖြစ်စဉ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထက်တောင် ခိုင်မြဲတဲ့ အုပ်မြစ်.... first step။ ကျုပ်ဘာလို့ဒါတွေလေကုန်ခံပြောရသလဲဆိုတော့ The American Standard is the ပိန်းဒက်စ် option for Burmese cooking culture ဆိုတာ ပိုသိသာအောင်။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now