(၁၃) Day 6

1.5K 230 58
                                    

Warning ⚠️: Language

ဒီနေ့ ကျုပ်ကို ကျုပ်ညီက သူ့အိမ်ကနေ ကန်ချလိုက်လေရဲ့။ ဘာသွားမွှေလို့လဲ? ဟုတ်လား? မမွှေရပါဘူးဗျာ။ သူ့ဟာသူ သူ့ Baby ကိုကိုနဲ့ ချစ်ရည်လူးချင်လို့လေ။

အစကတော့ ဒင်းတို့နှစ်ကောင်လွတ်လွတ်လပ်လပ် ချစ်ကြည်နူးတစ်တီတူး မခွါနိုင်အောင်ပူးနေလို့ရအောင် ရှောင်ပေးမလို့ပါ။ ဒါပေမယ့် အဲ့ဒီနှစ်ယောက်က ကျုပ်ကို ဘယ်လို ကော်ထုတ်ရမလဲ တချိန်လုံး စဉ်းစားနေတာ။ စကားသုံးခွန်းပြောရင် နှစ်ခွန်းက ကျုပ် ဘယ်တော့ပြန်မလဲပဲ။ ဒီတော့ ကျုပ်လည်း ညစ်ချင်လာပြီလေ။ အဲ့ဒါကြောင့်မနေ့ညက တမင်ကို ဒင်းအိပ်ယာကို မောင်ပိုင်စီးပြီးအိပ်တယ်။

ဖြစ်ချင်တော့ ဒင်းအိမ်မှာက အိပ်ခန်းနှစ်ခန်းရှိပေမယ့် ခုတင်က ကျုပ် မောင်ပိုင်စီးထားတာ တခုပဲရှိတယ်။ ဒီတော့ ကျောအနာခံမှ အသာစံရမယ်ဆိုတဲ့ အကွက်တွေနဲ့ တွမ်တီဝမ်းပလပ် (21+)ရင် ပလပ်။ မပလပ်ရင် ရွှေပြည်တော် မျှော်လျှက်ကယ်ဝေးပဲ။ နောက်ဆုံးတော့ ညစာငတ်ကုန်တယ်နဲ့တူတယ်။ မနက်စာလည်းစားပြီးရော နေရိုင်းတစ်ကောင် ကျုပ်ကို အခန်းထဲခေါ်ပြီး နှစ်ကိုယ်ကြား ပွမ်ပါလေရော။

"ကိုဆောင်း... ဘယ်နှယ့် သူများအတွဲတွေ အားလပ်ရက်ရတုန်းလေး ကြည်နူးမို့ဟာကို သက်သက်လာပြီး ကပ်သီးကပ်သပ်တွေ လုပ်နေတယ်။"

"မင်းကလည်းကွာ။ ငါ့မှာ နေစရာမရှိလို့ ငါ့ညီလေးကို အားကိုးပြီးနေတဲ့ဟာကို။ အဲ့ဒီလိုပြောတော့ စိတ်တောင်မကောင်းဘူး။"

"အိုက်ရာ..!! ပြောပုံကြီးက မသိရင် ကျွန်တော်ကပဲ လူဆိုးကြီးကျလို့။ ကျွန်တော့် အားကိုးသပါ့ဆို ဘာလို့ လင်ယူသေးတုန်း။ ကျွန်တော့်အိမ်မှာ ဝေယျာဝစ္စလုပ်ပြီးနေပေါ့။"

လဒလေး...!! ကျုပ်က အဲ့ဒီလို နေစရာလား။ တခါတည်း လဒသိုက်က ကောက်ရတဲ့အတိုင်းပဲ။ အစ်ကိုကို လူစကားမပြောဘူး။

"ဒီတော့ မင်းက မ'ဘက်လိုက်... အဲ... မင်းရဲ့ "လေး" ဘက်ကို လိုက်ပြီး ငါ့ကို နှင်ထုတ်နေပြီပေါ့လေ။"

"ကျွန်တော်မပြောဘူးနော်။ ကိုဆောင်းဟာကိုယ်ဆောင်းထင်နေတာနော်။"

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now