(23)

1.2K 230 115
                                    

ဒီနေ့ စ​နေ​နေ့ဆို​တော့ အလုပ်ပိတ်တယ်။ ကျုပ်ဘိုးတော်ကလည်း မနက်ကတည်းက သူ့အမေအိမ် ခဏသွားလေရဲ့။ ဒီတော့ နေဖင်ထိုးအောင်အိပ်မယ်ပေါ့။ ဘယ်ဟုတ်မလဲ။ ကျုပ်အစ်ကိုက သူ့ရဲ့ သား​တော်​မောင် တေး​တေးကို အိမ်လာပို့သွားတယ်။ သူနဲ့ သူ​ယောက်ျားက​ မင်္ဂလာဆွမ်းကျွေးတစ်ခု သွားစရာရှိလို့တဲ့။ 

ဟမ်? ကျုပ်အစ်ကိုက ဘယ်တုန်းက က​လေးရှိသွားတုန်း။ ဟုတ်လား။ ရှိပါ့ဗျာ။ ရှိလို့ပါ အခုဆို လေးနှစ်ပြည့်လုနီးနီးပဲ။ ကျုပ် မင်္ဂလာ​ဆောင်မှာ သူမပါဘူးဆိုတာက သူ့ဟိုဘက်က အဘိုးအဘွား​​တွေက မန္တ​လေးခေါ်ထားလို့။

ဘယ်လို?? ဘယ်နဲ့... ကျုပ်အစ်ကိုက ကိုယ်ဝန်​ဆောင်ရမှာတုန်း။ ကျုပ်အစ်ကိုက အဲ့ဒါ​လေးကို အငှားကိုယ်ဝန်​ဆောင်နဲ့​မွေးထားတာ​ပါ။ သူ့လင် ကိုမုန်း​သွေးက က​လေးယူရ​အောင်ဆိုပြီး မရမက ဂျီတိုက်လွန်းလို့ နောက်ဆုံးမှာ က​လေးယူဖြစ်သွားတာ။ သူက က​လေး​ဆိုရင် ကျုပ်လိုပဲ Allergy ရှိတယ်။ သူ​ပြောတာက​တော့ ကျုပ် ငယ်ငယ်က သူ့ကို ဗိုလ်ကျလွန်းလို့ Trauma ရ​နေတာပါတဲ့။  ကျုပ်မှတ်မိသမျှ​တော့ သူကချည်း ကျုပ်ကို တွယ်​နေတာလားလို့။ မှတ်မှတ်ရရ သူ့နဲ့ ပုခက်လုတာ မ​ပေးရ​ကောင်း​စေဆိုပြီး ကျုပ်ကို သေးနဲ့ပန်းတယ်​လေ။ ဖြစ်ပုံကဒီလို။ 

ကျုပ်က လေး​နှစ်​လောက်ရှိပြီထင်တယ်။ သူက ရှစ်နှစ်​ကျော် ကိုးနှစ်နီးနီးရှိပြီ။ ကျုပ်က ပုခက်စီးရတာကြိုက်တယ်။ ဒီ​တော့ ကျုပ်တို့​ဆော့တဲ့အခန်းထဲမှာ ပုခက်​လေးလုပ်​ပေးထားတယ်။ သူက ကျောင်းပိတ်ရက်ဆို အဲ့ဒီအခန်းထဲဝင်၊ ပုခက်ကိုစီးပြီး ကာတွန်းစာအုပ်ဖတ်တယ်။ တ​​နေ့ကျ​တော့ သူက စာအုပ်ဖတ်​နေရာက ထသွား​လေရဲ့။ ဒီ​တော့ ကျုပ်က အဲဒီပုခက်ကို မောင်ပိုင်စီးလိုက်တယ်​ပေါ့ဗျာ။ သူက ပြန်လာ​တော့ သူ့​နေရာဆိုပြီး ပြန်​တောင်းတယ်။ ကျုပ်ကလည်း လျှင်သူစားစတမ်းဆိုပြီး ဖယ်မ​ပေးဘူး။ အဲ့ဒါနဲ့သူက စိတ်တိုပြီး ကျုပ်ကို သေးနဲ့​ကော့ပန်းပါ​​​လေရော။ အဲဒါပဲကြည့်။ ဘယ်​လောက်ဆိုးတဲ့ အစ်ကိုလဲဆိုတာ။

သူ့သားကျတော့ ကျုပ်အစ်ကို သူ့အ​ဖေအတိုင်း ညစ်ကျယ်ကျယ်မဟုတ်ပေမယ့် ကျေးဇူးရှင်​လေးက​ မျောက်နဲ့​လောက်နဲ့ စပ်ကျထားသလားပဲ။ လာပါပြီဆိုကတည်းက ပြသာနာသောင်း‌ခြောက်ထောင်ကို မျက်စိတစ်မှိတ်အတွင်းမှာ ရှာသွားတာ။ 

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now