ဒီနေ့တော့ အနောက်အရပ်က နေထွက်တော့မလားမသိဘူး။ အိပ်နေတာ ဘယ်သူမှ လာမနိုးဘူးဗျ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အစောကြီးနိုးနေတယ်ဗျာ။ စိတ်ထဲတောင် သိပ်မကောင်းဘူး။
တကယ်တည်း... ကျုပ်ပြောရင်လည်း အအိပ်မက်တယ်ဖြစ်မယ်။ ခင်ဗျားတို့ တွေးကြည့်ပါဗျာ။ ကျုပ်ခမြာ မင်္ဂလာဆောင်တဲ့နေ့ကတည်းက နေ့တိုင်းလိုလို မနက်စောစောထနေရတာ။ တော်တော်တောင်အကျင့်တွေဖြစ်လို့။ ဒါကြောင့် ဘယ်သူမှ မနှိုးပဲ မနက် ၉ နာရီခွဲကျော်ကျော်နိုးနေတာပဲကြည့်တော့။ ကမ္ဘာ့အံ့ဖွယ်ရာတောင် ဒီလောက် အံ့သြဖို့မကောင်းဘူး။
နိုးနိုးချင်း ကျုပ် အစ်ကိုက ဖုန်းခေါ်လို့ ကိုင်ရသေးတယ်။
"ဟဲလို... ကိုဆောင်း... ဒီနေ့ ငယ်.... အဲ... အဲ... ကိုမုန်းသွေးရဲ့ မွေးနေ့။ Suprise party လုပ်မလို့ အိမ်လာခဲ့ဦး။"
လက်စသတ်တော့ သူ့ယောက်ျားမွေးနေ့ စပရိုက်တိုက်မလို့ကိုး။ ကျုပ်လည်း တခြားဘယ်မှ သွားစရာမရှိတော့ "အင်း"ပေါ့။
"အင်း... လာခဲ့မယ်။ ဘယ်အချိန်လဲ။"
"ညနေ ၄ နာရီလောက်ပေါ့။ နောက်ပြီး... ငါ ကိတ်မုန့်ကို Fluffy Sweetness မှာ ကိုမုန်းသွေးနာမည်နဲ့ မှာထားတယ်။ တလက်စတည်း မင်း အဲ့ဒါကို ယူလာခဲ့နော်။ မင်း ယောက်ျားကိုပါခေါ်လာခဲ့။"
Fluffy Sweetness ဆိုတာ ကျုပ်နေတဲ့ ကွန်ဒိုရှေ့လေးတင်မှာ ဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်။ ဆိုင်က ခပ်သေးသေးလေးပါ။ ဒါပေမယ့် အရသာကတော့ တော်တော်ကောင်းတယ်။ ကျုပ်လို ကိတ်မုန့်မကြိုက်တဲ့လူတောင်ကြိုက်တယ်။
"အင်း... ဒါဆို ဒါပဲနော်။"
"နေဦး။ ပန်းတစ်စည်းလောက်ဝယ်ခဲ့။"
"ဘာပန်းလဲ ကိုမြူ? သပြေပန်းတို့ ရွှေပန်းတို့လား။"
"ဟေ့ကောင်! မင်းဘကြီးမို့ "သပြေပန်းတို့ ရွှေပန်းတို့" ရမှာလား။ နှင်းဆီပန်းတို့ ဘာတို့ပေါ့ဟ။"
သဘောပေါက်ပြီ။ သူ့ Darling ချစ်ချစ်ဂျစ်တူးလေးအတွက် romantic ဆန်ဆန် ပန်းစည်းဝယ်ခိုင်းနေတာ။ မသိပါဘူး။ မွေးနေ့ဆိုတော့ အောင်သပြေတွေ ရွှေပန်းတွေများ ဘုရားကပ်မလို့မလားလို့ ထင်လိုက်မိတာကိုး။
YOU ARE READING
စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများ
Short Storyဆောင်းရိုင်းဆိုတဲ့ ကောင်လေးက သူ့ရဲ့အကြောင်းကို အလျှင်းသင့်သလို ပြောပြတဲ့ One short လေးတွေပါ။ ဆောင်းရိုင်းဆိုတဲ့ ကောင်လေးက သူ့ရဲ့အကြောင်းကို အလျှင်းသင့်သလို ပြောပြတဲ့ One short လေးတွေပါ။