(၁၅) Day 8

1.5K 246 68
                                    

ဒီနေ့လည်း ဟိုဘိုးတော်လုပ်တာ ဘာမှန်းညာမှန်းမသိ အိပ်ရာစောစော ထရပြန်ရော။ ဘယ်နှယ့်ဗျာ။ အိမ်ကို စောစောရောက်ချလာတယ်။ ပြီးတော့ သူများ အိပ်ခန်းထဲဝင်တာ သတိထားပြီး ဖြေးဖြေးဝင်ပေါ့ဗျာ။ မဟုတ်ဘူး။ ရှိသမျှ ဘီယာဘူးတွေ ပုလင်းတွေကို ခလုတ်တိုက်ပြီး ဝင်လာတယ်။ ခလုတ်တိုက်ရုံပဲဆို ကျုပ်ကမနိုးဘူး။

အခုက ဘယ်နှယ့်ဖြစ်လည်းဆိုတော့။ ဒင်းက ဘီယာပုလင်းတခုကို ကြီးကောင်ကြီးမားနဲ့ ခလုတ်တိုက်ပြီး ဟတ်ထိုးလဲပါရော။ လဲရင်လည်း သူဟာသူ လဲပါတော့လား။ ကြမ်းပြင်ကဖြင့် ဒီလောက် အကျယ်ကြီး။ အဲ့ဒါကိုဗျာ။ ကုတင်ဘေးမှာ လွတ်လွတ်ကျွတ်ကျွတ် လေးအိပ်နေတဲ့ ကျုပ်ကိုယ်ပေါ်ကို ကန့်လန့်ဖြတ်ကြီး ဒိုင်ပင်ပစ်လဲတယ်။ ပြီးတော့ သူ့မေးက ကျုပ်ရင်ဝကို ချိန်ထားတာထက်တောင် တည့်တည့်ကြီးပြေးဝင်လာပြီး ဆောင့်ထည့်လိုက်တာ ကျုပ်ခမြာ အူးခနဲပဲ။

"ချာတိတ်! ချာတိတ်! နာသွားလား။"

ကျုပ်မှာ အဲ့ဒီ့ဘိုးတော်ကို ဘာ၏ ညာ၏ မဖြေနိုင်အားသေးဘူးရယ်။ ဘာကြောင့်လဲဆိုတော့ အသက်ကို ဘယ်နှယ့်ရှုရမလဲ အသဲအသန်စဉ်းစားနေရလို့။ တကယ်ပြောတာ။ တော်တော်ကြာတဲ့အထိ ကျုပ်မှာ အသက်ရှုရမှာလား၊ မရှုပဲနေရင် ကိုယ်ဟာကိုယ်ရှုမှာလားမသဲကွဲဘူးဆို။

"ချာတိတ်! ချာတိတ်! ဟေ့... ရလား။ တခုခုပြန်ပြောဦးလေ။"

ေ-ာက်ကျိုးနည်း! ကျုပ်ဟာကျုပ်တောင် အသက်ရှုတာ တိုင်ပတ်နေပါတယ်ဆို ဒင်းကိုဘယ်လိုလုပ်ပြီး ပြန်စကားပြောနိုင်မှာလဲ။ အဲ့ဒါကို သူက ကမ္ဘာပျက်နေတဲ့လေသံကြီးနဲ့ ကျုပ်ကို ပုခုံးကဆွဲပြီး ခါနေသေးတယ်။ ကျုပ်မှာ အစောကတည်းက သူလုပ်လို့ အိပ်မက်ကမ္ဘာထဲကနေ မရဏကမ္ဘာဆီ အလင်းထက်မြန်တဲ့ နှုန်းနဲ့ One way ကြီးကို Transit မရှိပဲ တခါတည်း free ဂျောင်းရခါနီးနီးကို။ အဲ့ဒီလိုကြီးဆက်ခါနေစရာလား?! ပြီးတော့ အားကြီးနဲ့! နောက်မယားလိုချင်တာလား။ နောက်လင်လိုချင်တာလားဟ။

"အင်း... အင်း..."

ကျုပ်မှာ မရှိရှိတဲ့ အသိတရားလေးတွေဖျစ်ညစ်ပြီး သူ့ကို ရရာအသံပေးပြီး လက်ကာ ပြလိုက်ရတယ်။ မဟုတ်လို ဆက်ပြီးခါနေရင် အသက်တကယ်ထွက်သွားမှာ ကြောက်ရတယ်။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now