Extra 2

1.2K 158 16
                                    


>>>>>Unicode<<<<<


ရာသီပူပူ


Warning: Language

ရာသီဥတုပူရင် လူတွေ ရူးတတ်တယ်ဆိုမှာ ဟုတ်မှာဗျ။ အခုပဲကြည့် ကျုပ်မှာ ဘိုးတော်တစ်ယောက်ကို နေပူကျဲကျဲကြီးထဲမှာ ထိုင်စောင့်ရင်း စိတ်တိုလွန်းလို့ ရူးတော့မယ်။ ထီးသွားယူတာ နာရီဝက်ရှိပြီ ပေါ်မလာဘူး။ လူက အလိုလိုနေရင်းက စိတ်ကြည်လင်နေတာ မဟုတ်ဘူး။

မနေ့ညက အဲယားကွန်းပျက်သွားတယ်ဗျာ။ အဲဒါလောက်ပဲဆိုရင် လူက အဲဒီလောက်စိတ်တိုမှာ မဟုတ်ဘူး။ ဘိုးတော်ရဲ့ ရည်းစားဟောင်းကြီးက ညကြီးမိုးချုပ် ဖုန်းမှားဆက်သတဲ့။ ဘယ်လိုလူမျိုးက ex ရဲ့ ဖုန်းနံပါတ်ကို ဖျက်မပစ်တဲ့အပြင် ညကြီးမိုးချုပ်ခေါ်မှာလဲ။ မသိရင်မှတ်ထား။ အရူးတွေပဲ ဒါမျိုးလုပ်တာ။ အရူးမှ လင်တရူးရူးနေတဲ့ အရူးမျိုး။ ဘယ်နှယ့်ဗျာ။ တခြား အမျိုးသမီးတွေဆို အဲဒီလိုမပြောပါဘူး။ ဒီမိန်းမကတော့ လွန်ကိုလွန်တာ။ မနက်ကလည်းတစ်ခေါက် ထပ်ဆက်ပြီး ဘိုးတော်နဲ့စကားပြောနေသေးတယ်။ ဒီတော့ ကျုပ်အလွန်လား ပြော...။ တော်ပြီဗျာ။ ပြောရင်း ပိုစိတ်တိုလာပြီ။ တော်ကြာ ပူပူလောင်လောင်မှာ သွေးတက်ပြီး သေသွားရင် အဲဒီမိန်းမပျော်နေလိမ့်မယ်။ မိန်းမတစ်ယောက်နဲ့ဖက်ပြီး အူတိုတာတော့ ယောက်ျားကောင်းတွေ အလုပ်မဟုတ်ပေမယ့် ကျုပ်ကတော့ အူတိုတယ်ဗျာ။ ဘာဖြစ်လဲ။ ကိုယ်စိတ်နဲ့ကိုယ့်ကိုယ် ကိုယ်ယောက်ျားကိုယ် တိုတာ ဘယ်သူမှ ထိခိုက်တာလည်း မဟုတ်။ အဲဒါကို မကောင်းဆိုးဝါးစာရင်းထဲ ထည့်ချင်သပဆို ထည့်။ ဒါပေမယ့် ထိပ်ဆုံးက ထည့်နော်။

"ဟူး... မောလိုက်တာ ချာတိတ်ရယ်။"

ဘိုးတော်က အသက်ရှည်ဦးမယ်။ ချွေးတလုံးနဲ့ ပြန်ရောက်လာလေရဲ့။ လက်ထဲမှာ ဖုန်းပဲပါပြီး ထီးမပါဘူး။ ကျုပ်လည်း ဘာမှမပြောပါဘူး။ အလိုက်တသိနဲ့ ကျုပ်ဘေးက ရေဘူးလေးကမ်းပေးလိုက်ပါတယ်။ ဒင်း ရေဓါတ်ပြည့်ဝနေဖို့လိုတယ်လေ။ ဒါမှ ဒီလူကြီးရဲ့ နားကို အပူတိုက်ရင် ခံနိုင်ရည်ရှိမှာ။

🎉 You've finished reading စိတၱဇ၏ အပိုင္းအစမ်ား || စိတ္တဇ၏ အပိုင်းအစများ 🎉
စိတၱဇ၏ အပိုင္းအစမ်ား || စိတ္တဇ၏ အပိုင်းအစများWhere stories live. Discover now